top of page

B2B နှင့် B2C လုပ်ငန်းများတွင်ချမှတ်ရသည့် မတူညီသော Digital Marketing ဆိုင်ရာဆုံးဖြတ်ချက်များ

  • Writer: Ent Kyi Maung
    Ent Kyi Maung
  • Nov 12, 2021
  • 1 min read

(1) B2B လုပ်ငန်းတွေမှာတော့ ဝယ်ယူမှူဆုံးဖြတ်ချက်ကို လုပ်ဆောင်ဖို့ ဆုံးဖြတ်တဲ့သူက တစ်ယောက်မကရှိနေတတ်ပါတယ်။ B2C လုပ်ငန်းတွေကတော့ များသောအားဖြင့် ဝယ်သူတစ်ဦးတစ်ယောက်ရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်နေလေ့ရှိပါတယ်။ ဒါကြောင့်မလို့ သင့် Digital Marketing Campaign တွေက B2B စီးပွားရေးလုပ်ငန်းတွေမှာဆို သမားရိုးကျနည်းနဲ့ပဲ တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ကိုတက် ဆက်သွယ်ဖို့ ဆုံးဖြတ်ရမှာဖြစ်ပြီး B2C လုပ်ငန်းတွေမှာဆိုတော့ အရောင်းဖြစ်အောင် ဝယ်သူကို ရည်ရွယ်တဲ့ Campaign တွေ လုပ်ဆောင်နိုင်ပါတယ်။


(2) B2C အရောင်းမှာ ကြော်ငြာနှင့် ပရိုမိုးရှင်းအစီအစဉ်တွေက လူတွေကို ပိုစိတ်ဝင်စားမှူရှိစေမှာဖြစ်ပြီး B2B စီးပွားရေးလုပ်ငန်းမှာတော့ Personal Selling ပေါ်မှာမူတည်နေပါတယ်။ B2C လုပ်ငန်းတွေအတွက် Digital Marketing Campaign ရေးဆွဲတဲ့အခါ Creative ဖြစ်တဲ့ Campaign မျိုးရေးဆွဲနိုင်ပေမယ့် B2B Digital Marketing Campaign တွေရဲ့အောင်မြင်မှူကတော့ Sale Team အပေါ် Marketing Team က ဘယ်လို အထောက်အကူပြုမလဲ။ Sale Team ကြုံနေရတဲ့အခက်အခဲတွေက ဘာလဲဆိုတာ မူတည်ပြီး ဆုံးဖြတ်ရလေ့ရှိပါတယ်။


(3) Digital Marketing Channel ရွေးချယ်မှူအပိုင်းမှာလည်း ကွာခြားလေ့ရှိပါတယ်။ လုပ်ငန်းအချင်းချင်းအလုပ်အပ်မယ်ဆိုရင် လုပ်ငန်းရဲ့ခိုင်မာမှူအတွက် Google မှာ website ကိုရှာကြည့်တာမျိုးအရင်လုပ်မှာပါ။ အဲ့ဒီအခါ Google မှာ Ranking တက်အောင် SEO (Search Engine Optimization) ပြုလုပ်တာ။ Search Engine Marketing ၊ Email Marketing စတဲ့ Platform တွေကို ရွေးချယ်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းကို ဦးတည်အလုပ်အပ်တာဖြစ်တဲ့အတွက်ကြောင့် LinkedIn တို့လို Social Media ကနေ လုပ်ငန်းခွင်အကြောင်းတင်ပေးတာ၊ ကိုယ့် Company ရဲ့ Sale Person တွေကို LinkedIn ကနေ Potential Client ရှာခိုင်းတာ မိတ်ဖွဲ့ခိုင်းတာမျိုးလုပ်လေ့ရှိပါတယ်။ B2C စီးပွားရေးလုပ်ငန်းမှာတော့ လူသုံးများတဲ့ Social Media Platform တွေဖြစ်တဲ့ Facebook, Instagram, Youtube တို့မှာ ကြေငြာနိုင်တဲ့အပြင် In-Game Ads, In-App Ads, Website Banner Ads တွေအသုံးပြုပြီးလည်း ကြေငြာနိုင်ပါတယ်။


(4) B2C စီးပွားရေးလုပ်ငန်းရဲ့ Content တွေမှာတော့ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ စိတ်တိုင်းကျ ကွန့်မြူးပြီး စိတ်ခံစားမှူကို လှူံ့ဆော်နိုင်တဲ့ Content မျိုးတွေရေးသားနိုင်ပေမယ့် B2B လုပ်ငန်းတွေမှာတော့ အချက်အလက်အတိကျ ခိုင်ခိုင်မာမာနဲ့အထောက်အထားခိုင်လှူံတဲ့ Content တွေရေးသားဖို့လိုအပ်ပါတယ်။


(5) ဘတ်ဂျက်အသုံးပြုမှူမှာကြတော့လည်း ကွာခြားပြန်ပါတယ်။ B2C လုပ်ငန်းတွေက Brand Management နဲ့ Brand Marketing အတွက် Budget အများဆုံးသုံးကြပြီး B2B လုပ်ငန်းတွေမှာတော့ Sale Team အတွက် ဘတ်ဂျက်ပိုသုံးလေ့ရှိပါတယ်။


Comments


Subscribe for Updates

Thanks for submitting!

© 2020 by Ent Kyi Maung

bottom of page