top of page

Social Media ကိုအသုံးပြုပြီး Conversion များများရစေဖို့

  • Writer: Ent Kyi Maung
    Ent Kyi Maung
  • Nov 14, 2021
  • 1 min read

Marketing မှာ Conversion ဆိုတာက ပေးလိုက်တဲ့ message တစ်ခုကြောင့် ဒါမှမဟုတ် သင့်ရဲ့ Content ဒါမှမဟုတ် သင့်ရဲ့ကြော်ငြာတစ်ခုကိုမြင်ပြီး အခြားသူတွေက ဝယ်ယူမှူပြုလိုက်တာ ဒါမှမဟုတ် သင့်ရဲ့ website ထဲမှာရှိတဲ့ ကုန်ပစ္စည်းတွေကို ဝင်ကြည့်သွားတာ သင်လိုချင်တဲ့အပြုအမူတစ်ခုခုဖြစ်အောင် လုပ်ဆောင်သွားတာကို Conversion လို့ခေါ်ပါတယ်။ ဥပမာ - ကျွန်တော့် website ထဲဝင်ပြီး စာဖတ်သူများများရစေချင်တယ်ဆိုရင် ဒါကကျတော့်အတွက် Conversion ဖြစ်ပါတယ်။ Media တစ်ခုအတွက် Youtube မှာ Viewer များများရစေချင်ရင် Subcriber သို့မဟုတ် Video တွေအတွက် Viewer က သူ့အတွက် Conversion ဖြစ်ပါတယ်။ ပစ္စည်းများများရောင်းချင်တဲ့ Onlineshop တစ်ခုအတွက်တော့ ဝယ်မယ့်သူတွေက သူ့ရဲ့ Messenger ကို လာရောက်မေးမြန်းတာက သူ့အတွက် Conversion ဖြစ်ပါတယ်။


ဒီလိုဆိုရင် အသေးစား Onlineshop ကစလို့ အကြီးစားကော်ပိုရိတ်လုပ်ငန်းတွေထိ Social Media ကို အသုံးပြုပြီး Conversion များများရအောင် ရည်ရွယ်ပြီး ဆောင်ရွက်ကြရပါတယ်။ Social Media မှာ Conversion များများရစေဖို့လုပ်ဆောင်နိုင်တဲ့အချက်တွေကို ပြောပြပေးပါမယ်။


(၁) Engagement ရအောင်အရင်လုပ်ဆောင်ဖို့လိုပါတယ်။

သင်က Facebook မှာ Page တစ်ခုဖွင့်ထားတယ်။ ဝင်ကြည့်သူလည်းမရှိဘူးဆိုရင် သင့်လုပ်ငန်းကို လူတွေမမြင်ရတာနဲ့အတူတူပါပဲ။ ဒီတော့ Page ကို လူတွေမြင်အောင် Engagement ရအောင် ဘယ်လို Content တွေတင်မလဲ ဆိုတာရယ် Boosting ဘယ်လိုလုပ်မလဲဆိုတာရယ် စနစ်တကျလုပ်ဖို့လိုအပ်ပါတယ်။


(၂) အမြဲမပြတ် တိတိကျကျ post တင်ဖြစ်ဖို့လိုအပ်ပါတယ်။

ရောင်းချင်တဲ့အခါမှ post ထတင်လိုက်။ ပြန်ပျောက်သွားလိုက်ဆို အဆင်မပြေပါဘူး။ အမြဲမပြတ်ထိတွေ့မှူရှိနေတဲ့ ဆက်ဆံရေးမျိုးကို သင့်ဝယ်ယူစားသုံးသူဖြစ်လာနိုင်သူတွေအတွက် ဖန်တီးထားဖို့လိုအပ်ပါတယ်။


(၃) Sale Funnel အပေါ်မူတည်ပြီး လုပ်ဆောင်ဖို့လိုပါတယ်။

Sale Funnel ဆိုတာ အလွယ်ပြောရရင် သင့်ပစ္စည်းကို စတွေ့ရာကစပြီး အခြားပစ္စည်းတွေနဲ့နှိူင်းယှဉ်တဲ့အနေအထား၊ အခြားသူတွေဘောပြောလဲလိုက်ဖတ်တဲ့အနေအထားကနေ သင့်ပစ္စည်းကို ဝယ်ဖို့ဆုံးဖြတ်ချက်ချလိုက်တဲ့ အခြေအနေအထိကို စဉ်းစားတာကို ဆိုလိုတာပါ။ Facebook မှာဆိုရင် အဆင့်တိုင်းမှာ ဘယ်လို အကြောင်းအရာတွေတင်မလဲကစ စဉ်းစားရပြီး Boosting လုပ်မယ်ဆိုရင်လည်း သင့်ပစ္စည်းကို စတင်သတိထားမိစေဖို့ Awareness Campaign ကိုသုံးမလား၊ Conversion ဖြစ်ဖို့ Website Traffic Campaign ကိုသုံးမလား စသည်ဖြင့် ရွေးချယ်ရပါတယ်။


(၄) သင့် Social Media Management အတွက် ပြင်ပကို အပ်မှာလား ဒါမှမဟုတ် ကိုယ်တိုင်လုပ်မှာလား။

လုပ်ငန်းကြီးတွေဆိုရင် ပြင်ပကို အပ်လေ့ရှိကြပေမယ့် စရိတ်အနေအထားအရ လုပ်ငန်းသေးတွေအတွက်တော့ အခက်အခဲရှိပါတယ်။ ဒါ့အပြင် Customer ကိုရောင်းရ၊ Service ပေးရ မအားရအောင်ဖြစ်နေရတဲ့အထဲ Social Media ကိုအချိန်ပေးဖို့က အခက်အခဲရှိနေကြပြန်ပါတယ်။ ဒီဖက်ခေတ်မှာတော့ Freelance လုပ်ကိုင်သူအချို့နဲ့ အသုံးချနည်းသင်တန်းအချို့ပေါ်လာပြီဖြစ်တဲ့အတွက် အချို့လည်းအဆင်ပြေနေကြပါပြီ။

Comments


Subscribe for Updates

Thanks for submitting!

© 2020 by Ent Kyi Maung

bottom of page