top of page

Day 11 - မှတ်မှတ်ရရ B2B အရောင်းသမားဘဝ

  • Writer: Ent Kyi Maung
    Ent Kyi Maung
  • Sep 30, 2020
  • 1 min read

Marketing အကြောင်း Digital Marketing အကြောင်းတွေချည်းပဲရေးခဲ့တော့ ဒီနေ့ B2B sales pitch အကြောင်းလေးပြောင်း ပြောကြည့်တာပေါ့။


Digital Agency တွေထဲ စမဝင်ခင်က C# .net ရေးပြီး developer လုပ်ခဲ့တယ်။ တစ်နေ့စကားဆိုလို့ နှစ်ခွန်းလောက်ပဲပြောနေရာကနေ အလုပ်ပြောင်းတော့ B2B sale အပိုင်း။


ကားတစ်စီးပေးထားတယ်။ တစ်ရက်ကို Potential Client ၄ ယောက်လောက်နဲ့တွေ့ပြီး စကားပြောစမ်းဆိုတဲ့အနေအထားရောက်သွားတယ်။ နဂိုကမှ လူကြောက်တတ် စကားမပြောရဲမဆိုရဲဆိုတော့ fail လိုက်တာဖြစ်ခြင်းတွေ။


အဲ့ဒီမှာ အလုပ်ဝင်တဲ့ Agency က Boss ကသင်ပေးတာ။ သူကိုယ်တိုင် Sale Pitching ကို

ဘောစိက ကိုယ်နဲ့လိုက်လာပြီးကို သင်ပေးတာ။ ပြီး website အဓိကရောင်းတာဆိုတော့ developer team ရဲ့ manager နှစ်ယောက်က ကိုယ့်ကို cold call ခေါ်တာကစလို့ research ဘယ်လိုလုပ်လဲအဆုံးပြောပြတာ။

အဲ့ဒီအချိန်က ကို်ယ်တွေ team ရဲ့ manager က အခုထိ ကျတော်ပညာယူနေရဆဲဖြစ်တဲ့ ကိုဝေယံ။ သူကစကားအပြောကောင်း client အထိန်းကောင်း။ သူတို့ ကယ်ပေလို့ပေါ့မဟုတ် sale က ကျတော်တစ်သက်လုံး မတတ်မယ့်အရာထဲပါတယ်။


အခုတော့ sale ဆို ကိုယ်တိုင် agency လဲလုပ်နေတော့ target ရှိတယ်မလား အဲ့ဒီ target ပြည့်ကိုပြည့်တယ်ဆိုပြီး ချနေတယ်။ တစ်ချိန်က သင်ပေးခဲ့တဲ့ဆရာသမားတွေကျေးဇူးနဲ့။


ဆိုတော့ ကျတော်ကြုံတွေ့ခဲ့တဲ့အတွေ့အကြုံတွေနဲ့ ရှောင်သင့် ဆောင်သင့်တာလေးတွေမျှဝေပေးမယ်ပေါ့။


(1) ဘယ် Client ကိုရောင်းမှာလဲ??


အရင်ဆုံး sale meeting မသွားခင် Client ရဲ့ product တွေ service တွေအကြောင်းကို

ပြည့်ပြည့်စုံစုံ သိထားရမယ်။

ဘာ့ကြောင့် ကို်ယ့် service ကို client က ဝယ်သင့်တယ်ဆိုတာမျိုး တိတိကျကျရှိနေရမယ်။


(2) Cold call ခေါ်ဖို့မကြောက်ပါနဲ့။


စစလုပ်ချင်းမှာ အခက်ခဲဆုံးက cold call ခေါ်ဖို့ကြောက်တာပဲဖြစ်မှာပါ။ မကြောက်ပါနဲ့ client တိုင်းက ရောင်းချင်လို့ cold call ခေါ်တာသိပါတယ်။ ခုနကပြောတဲ့ ပထမအချက်သာမလုပ်ထားရင် cold call ခေါ်ရင်လည်း ဘာမှပြောစရာမရှိပဲ appointment မရပဲနေပါလိမိ့မယ်။

အကြောင်းအရာကို တရင်းတနှီးပဲပြောပြလိုက်ပါ။ client က appointment ပေးပါလိမ့်မယ်။


(3) အပြန်အလှန်စကားမပြောနိုင်သရွေ့ သင်ဘာမှရောင်းရမှာမဟုတ်ပါဘူး။


Sale meeting မှာအရေးကြီးဆုံးက သင့်အကြောင်း သငိ့ company အကြောင်း သင့် service အကြောင်း သိဖို့ဆိုတာထက် သင့် client က သူ့ပြသနာကိုပြောပြလာဖို့အထိ အရင်ရင်းနှီးမှုယူရမှာပါ။ ပြီးမှ သင့် service အကြောင်း သင့်လုပ်ငန်းကို ဘာလို့ရွေးသင့်လဲပြောပြမှ ထက်အဆင့်တက်လို့ရမှာပါ။


(4) အခက်ခဲဆုံး follow up


Follow up ဘယ်လိုလိုက်မလဲ။ သင့် service ကို ကြိုက်နေပြီ။ လုပ်လဲလုပ်မယ်။ ဘယ်နေ့လုပ်မလဲတော့ ဟိုရွေ့ဒီရွေ့ဆင်ခြေပေးနေတယ်။ ဘယ်လို follow up လိုက်ကြမှာလဲ။ အကောင်းဆုံးကတော့ ဖုန်းနဲ့မေးတာထက် ​appointment တစ်ခေါက်ထပ်တွေ့ပြီးတော့ သူ့ပြိုင်ဖက်တွေ ဘာလုပ်နေပြီ ဒီအချိန်လုပ်လိုက်ရင် ဘယ်လိုကောင်းတယ်ဆိုတာမျိုးသာ ပြောပြပေးလိုက်ပါ။


(5) အငြင်းခံရရင်...


100 သွားတွေ့ရင် 80 ဒါမှမဟုတ် ကံကောင်းရင် 50 လောက်က ငြင်းပါလိမ့်မယ်။ အငြင်းခံရရင် ဘာဆက်လုပ်မှာလဲ ဘာကြောင့်ငြင်းတာလဲ ဘာမှားနေလဲ အဖြေရှာကြည့်ပါ ပြင်ကြည့်ပါ။ ဘာထပ်ညှိလို့ရမလဲ ဘာတွေလိုအပ်နေတာလဲသာ အဖြေရှာကြည့်ပါ။


(6) စေတနာရယ် အတွေ့အကြုံရယ်


B2B Sale က သင်တန်းသွားတက်တာထက် သင့်အတွေ့အကြုံကသာ ဆရာပါ။ ကြာလာရင် ဘယ်သူက တကယ်လုပ်ချင်တာ ဘယ်သူကပျင်းလို့ခေါ်တွေ့တာ ဘယ်သူ့ကို ဘယ်လိုညှိလိုက်ရင် sale ဖြစ်နိုင်တာကိုပါ 1st meeting ထဲက သိလာပါလိမ့်မယ်။ စေတနာထားပေးလိုက်ပါ။ စေတနာထားရောင်းတဲ့သူကို ဘယ်သူက မဝယ်ပဲနေမှာလဲ။


(7) Digital အကူအညီယူပါ။


Potential Client ကို သွားမတွေ့ခင် ကိုယ့်ကြော်ငြာတွေကို ကိုယ့် service တွေကို သူ facebook သုံးတိုင်း youtube သုံးတိုင်း သူ စိတ်ဝင်စားတဲ့အကြောင်းအရာရှိလို့ ကိုယ့် website blog ကိုဝင်ဖတ်ထားရင် sale လုပ်ရတာ ပိုမလွယ်ကူဖူးလားဗျာ။


ကဲ အားလုံးရောင်းကောင်းကြပါစေ 😅


תגובות


Subscribe for Updates

Thanks for submitting!

© 2020 by Ent Kyi Maung

bottom of page