Day 14- Basic Concept of Content Marketing
- Ent Kyi Maung
- Sep 30, 2020
- 2 min read
Updated: Oct 2, 2020

Content Writer တွေကြုံရတဲ့အခက်အခဲတွေက ဘာတွေဖြစ်မလဲ? ဒီဖက်ခေတ်ရဲ့ Content Writer တွေကရော ဘာတွေလွဲနေလဲ? Client တွေရဲ့အခက်အခဲကရော ဘာတွေဖြစ်မလဲ? Account Manager ကရော Client နဲ့ Content Team ကြားမှာ ဘာတွေကြောင်ပျောက်နေလဲ?
သိသင့်တဲ့အချက်လေးတွေမပြောသေးခင် တစ်ယောက်ချင်းဆီရဲ့အခက်အခဲတွေကို ကြည့်ရအောင်... Content Writer တွေကြုံရတဲ့အခက်အခဲက - Creative ဖြစ်တာတွေရေးချင်ပေမယ့် Client ကလက်မခံဘူး။ - Client အကြိုက်ရေးနေရတယ်။
Client တွေကြုံရတဲ့အခက်အခဲက - Content Writer က သူတို့ Brand အကြောင်းသေချာနားမလည်ဘူးခံစားရတယ်။ - အခြား Competitor တွေကတော့ မိုက်တယ်။ ငါ့ Brand ကြတော့ ဒီလိုမျိုး Content တွေမရဘူး။
Account Manager တွေကတော့ ဒီနှစ်ယောက်ကြားရူးချင်တော့တာပဲ။ ဒီတော့ ဒီသုံးယောက်ကြားမှာ ဘာတွေလွဲနေတာလဲ?
Digital Marketing Plan နဲ့ Strategy မရှိတာက စလွဲတာပါ။
ဒီဖက်ခေတ်ရဲ့ Content Writer တွေအနေနဲ့ကလည်း ညီမက/ ညီက စာရေးဝါသနာပါလို့ Content လေး ရေးထားကြည့်တယ်။ ကောင်းမကောင်းဖတ်ပေးပါဦး။ လန်ထွက်နေအောင် သူ့ထက်ငါ အပြိုင်အဆိုင် Creative လုပ်ရင်း Content တွေဖန်တီးတဲ့ အပိုင်းမှာတော့ ပြောစရာမလိုကြပါဘူး။ ဒါပေမယ့် ကိုယ်ရေးပေးတဲ့ Brand ကို Research လုပ်ဖို့။ အရေးကြီးတဲ့ Sale Funnel တွေကို နားလည်ဖို့ Digital Team ကချပေးထားတဲ့ Digital Strategy ပေါ်မူတည်ပြီး Content တွေကို ဖန်တီးဖို့ စတဲ့ Concept ပိုင်းတွေကိုတော့ လေ့လာဖို့ပျင်းကြပါတယ်။ Content Writing နဲ့ Content Marketing က ကွာပါတယ်။
ဆိုတော့ Content Writer တွေအနေနဲ့ကြောင်မပျောက်အောင် Sale Funnel/ Marketing Funnel လို့ခေါ်တဲ့ အဆင့်လေးဆင့်ကို သိထားသင့်တယ်။
(1) Awareness (2) Interest (3) Consideration (4) Conversion ဆိုတဲ့ လေးဆင့်ပါ။ ဆိုတော့ ဘယ် အဆင့်မှာ ဘယ်လို Content မျိုးရေးမလဲ? ဘယ်လို Platform မှာရေးမလဲ? ဘာအချက်အလက်တွေပါမလဲ? သေချာစိတ်ရှည်ရှည်နဲ့ Research လုပ်ပြီးမှ ရေးပါ။
ပြီးတော့ Client တွေကြောင်ပျောက်လေ့ရှိကိစ္စက ထိုင်ပြောနေတဲ့သူသက်သက်ဖြစ်စေချင်တာပါ။ Brand တစ်ခုရဲ့ ကောင်းကြောင်း၊ ဘာနဲ့လုပ်ထားကြောင်း၊ ဘယ်လိုအရည်အသွေးကောင်းကြောင်း စတာတွေကိုပဲ ပြောချင်နေတာပါ။ Content Writer ဖက်ကလည်း Creative ဖြစ်ရင်ပြီးရော ငါ့ Content ပေါက်ရင် ပြီးရော လုပ်ချင်တာပါ။
စက်ဝန်းနှစ်ခုရှိတယ်ဆိုပါစို့။ တစ်ဖက်စက်ဝန်းမှာ Brand ဖက်က ပြောချင်တဲ့ဟာတွေ တစ်ဖက်မှာတော့ သူ့ရဲ့ Potential Consumer တွေကြုံနေရတဲ့ပြသနာတို့၊ စိတ်ဝင်စားတဲ့အကြောင်းအရာတို့ရှိတယ်။ ဒီစက်ဝန်းနှစ်ခုကြားဆုံလောက်မယ့်အကြောင်းအရာတွေကို ဖန်တီးရမှာပါ။ ဒါကို Customer Touchpoint ရှာတယ်လို့ခေါ်သလို Shared Value လို့လဲခေါ်ပါတယ်။ ဥပမာဗျာ ကောင်မလေးတစ်ယောက်ကို သဘောကျလို့ စကားသွားပြောရင်တောင်မှ ကိုယ်ပြောချင်တာချည်း ထိုင်ပြောနေလို့မရဘူးဗျာ။ ဒီတော့ သူနဲ့ကိုယ် စိတ်တူကိုယ်တူ ဖလှယ်လို့ရမယ့်အကြောင်းအရာလေးတွေကို ဦးစားပေးပြောရတဲ့အကြောင်းအရာလေးတွေရှိတာပဲ။ Content Marketing မှာလည်း Shared Value က သိပ်ကို အရေးကြီးပါတယ်။
ပြီးရင်တော့ Account Manager ပဲဖြစ်ဖြစ် Content Writer ပဲဖြစ်ဖြစ် Client ပဲဖြစ်ဖြစ် ကိုယ်သွားမယ့် Digital Strategy ကို တိတိကျကျသိရမယ်ဗျ။ Facebook မှာ တင်ချင်ရာတင် ရေးချင်ရာရေး လုပ်ချင်ရာလုပ်နေတာက Digital Marketing မဟုတ်ပါဘူး။ Digital လို့ပြောလိုက်တာနဲ့ Digital Channel တိုင်းအတွက် Marketing လို့ပြောလိုက်တာနဲ့ Marketing Concept နဲ့ Strategy တစ်ခုရှိဖို့လိုပါတယ်။
Digital လို့ပြောလိုက်ရင် Channel ကို အကြမ်းဖျင်းအားဖြင့် သုံးမျိုးခွဲလို့ရတယ်။ (1) Paid Media (2) Earned Media (3) Owned Media
Paid Media ဆိုတာက အလွယ်ပြောရရင်တော့ Google Display Ads၊ Facebook Sponsored Posts၊ စတာတွေကိုပြောတာပါ။ Owned Media ဆိုတာကတော့ ကိုယ်ပိုင် Website တို့၊ ကိုယ့်ရဲ့ Social Media Page တို့၊ Email Marketing တို့ကို ဆိုလိုတယ်။ Earned Media ကတော့ အခြားသော Digital Media တွေပေါ်မှာ ကြော်ငြာထိုးတာတို့၊ အခြားသော Review Sites တို့ပါ။
ဆိုတော့ Account Manager အနေနဲ့က Digital Strategy ချဖို့ Brief သေချာတောင်းတာမျိုးလုပ်ထားမှ Operation Team ကလည်းကြောင်မပျောက်မှာ။ ဘာ Brief တွေတောင်းရမလဲ???
Digital Strategy ချဖို့ဆိုရင် Client ရဲ့ Business Strategy ကို Brief သေချာတောင်းတတ်ဖို့လိုပါတယ်။ Business ရဲ့ Mission Statement က ဘာလဲ? Value Proposition တွေကဘာလဲ? Elevator Pitch ကဘာလဲသေချာသိဖို့လိုပါတယ်။ ပြီးရင်တော့ ဘယ်သူတွေကို target ထားရောင်းနေတာလဲ? ဘယ်လို Brand Value မျိုးပေးမှာလဲ? ဒါတွေကို သေချာသိရပါမယ်။ ပြီးရင်တော့ လတိုင်း ဒါမှမဟုတ် Campaign တစ်ခုချင်းစီအတွက် Creative Brief တွေကို သေချာတောင်းထားရပါတယ်။ အဲ့ဒါတွေ အကုန်လုံးကို လေ့လာပြီးမှ Digital Strategy ချရမှာပါ။ ပြီးရင်တော့ Team တိုင်းကို တာဝန်ပေးတော့ပေါ့ဗျာ။
ဒီလအတွက် Goal ကဘာရှိတယ်။အချက်အလက်တွေပေါ်မူတည်ပြီး ဘယ်လို Content မျိုးတွေရေးရမလဲ ဒါတွေကို ဆုံးဖြတ်ချက်ချရမှာပါ။
အချုပ်ပြောရရင်တော့ Facebook မှာ Content တင်ရတာ လွယ်ပါတယ်။ မလွယ်တာက ဘယ်လို ရည်ရွယ်ချက်နဲ့ စနစ်တကျလုပ်မလဲကသာမလွယ်တာပါ။ Content Writer တွေအနေနဲ့ကလည်း စာရေးကောင်းရင် Content ကဖတ်လို့ကောင်းမှာသေချာပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ Content က Client ရဲ့ Marketing Objective တွေကို ဖြည့်ပေးဖို့က မလွယ်ပါဖူး။
ဆိုတော့ Content Writer လုပ်နေတယ်ဆိုရင် စာရေးတာ စာဖတ်တာလေးတင်မဟုတ်ပဲ Content Marketing ကို လေ့လာ၊ Basic Marketing Concept တွေကိုလေ့လာ၊ Digital Platform တွေကိုလေ့လာ ကိုယ်ရေးထားတာ ဘယ်လောက်ထိရောက်လဲ အမြဲဆန်းစစ်။ Account Manager ရယ်လို့ဖြစ်လာရင် Brand Strategy၊ Marketing Strategy၊ Business Strategy တွေအကြောင်းလေ့လာ။ Client တွေအနေနဲ့ကလည်း Digital ကို သုံးတာ ဘာရည်ရွယ်ချက်တွေပြည့်ချင်လို့ဆိုတာ သေချာရှိရင် ကြောင်ပျောက်ခြင်း ကင်းဝေးနိုင်ပါတယ်။
댓글