Day 13 - Covid - 19 စီးပွားရေးအကြပ်အတည်းကာလအတွင်းက Digital Marketing အရွေ့တွေ
- Ent Kyi Maung
- Sep 30, 2020
- 1 min read
Updated: Oct 2, 2020

ဒီနေ့နဲဆို မြန်မာပြည်မှာ Covid - 19 ရောဂါတွေ့ရှိသူ သုံးဦးရှိပါပြီ။ ထိတ်လန့်တကြားအစုအလိုက်အပြုံလိုက်ဝယ်ယူမှုတွေ၊ Social Distancing လုပ်လိုက်လို့ ရောင်းအားကျဆင်းသွားမှုတွေ၊ ကြားမှာ စီးပွားရေးလုပ်ငန်းတိုင်းက သူ့နည်းသူ့ဟန်နဲ့ စတင်ရုန်းကန်နေရပါပြီ။ ဒီအရွေ့မှာ ကျတော်တို့ Online Marketing Plan ဘယ်လိုဖြစ်သင့်လဲ တင်ပြပေးသွားပါမယ်။
(1) Social Distancing ကြောင့် လူတွေရဲ့ဝယ်ယူမှုပုံစံပြောင်းသွားတာတွေကို ထည့်တွက်ပါ။
မဖြစ်မနေဝယ်ယူရမယ့် Product တွေအတွက် ငွေသုံးဖို့လက်မနှေးသလို အပိုဖြုန်းတယ်လို့ ထင်မိတဲ့ Product တွေကို ဘယ်သူမှဝယ်ကြတော့မှာမဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ Unique Selling Point ကို အကြပ်အတည်းကာလအတွင်းမှာ လူတွေရဲ့ need ဖြစ်လာအောင် ဘယ်လိုပြောင်းမလဲ စဥ်းစားလိုက်ပါ။ လူတွေရဲ့ want ဖြစ်နေသမျှ ဝယ်ယူဖို့အတွက် လက်တွန့်နေကြမယ့်ကာလပါ။
(2) ရေတိုရောင်းအားတက်စေမယ့် Campaign မျိုးကို လက်ရှောင်ပါ။
Covid - 19 ကြောင့် လူတွေ စိတ်ပျက် ထိတ်လန့်နေတဲ့အချိန်မျိုးမှာ တစ်ချိန်လုံးရောင်းနေတာ အစုအလိုက်အပြုံလိုက် ရောင်းအားတက်အောင် Promotion လုပ်နေတာတွေက ကိုယ့်ယခမလောင်းကြီး မသာမှာ သူ့သမီးကိုလက်ထက်ခွင့်တောင်းနေသလိုပါပဲ။ ဆိုတော့ လူ့အဖွဲ့အစည်းကိုလည်း အထောက်အကူဖြစ်၊ Brand Awareness လည်းမကျသွားမယ့် Campaign မျိုးတွေကို Societal Marketing Concept နဲ့သွားကြည့်ပါ။
(3) အခက်အခဲတွေက တကယ်တော့အခွင့်အလမ်းပါ။
အပြင်တော်ရုံမထွက်ကြတော့တဲ့အချိန်မှာ လူတွေရဲ့ သတင်း media website တွေကနေ သတင်းဖတ်ရှုနှုန်းကတက်လာတယ်။ Social Media အပေါ်မှာ အချိန်ကုန်လာကြတယ်။ ဒီတော့ ဘာလို့များ ကိုယ့် Product ကို Online ကနေ Delivery နဲ့ ရောင်းဖို့ ကိုယ့် Brand ကို Website Banner Ads တွေကနေကြော်ငြာဖို့ မပြောင်းပစ်နိုင်ရမှာလဲ။
(4) B2B Company တွေအနေနဲ့ အရင်က Digital Marketing ကိုလက်ရှောင်တယ် အခုအချိန်မှာတော့ မဖြစ်မနေလိုအပ်နေပါပြီ။
Cold Call ခေါ်မယ် Potential Client ကိုလိုက်တွေ့မယ်ဆိုတဲ့ B2B Company တွေအတွက် Sale ဖြစ်ဖို့အတွက်လျှောက်နေတဲ့လမ်းဟောင်းကြီးက ဒီအချိန်မှာတော့ လုံးဝအကြပ်အတည်းပါ။ Website တစ်ခုရှိမယ်။ SEO ကောင်းမယ်။ PPC campaign တွေလုပ်မယ်။ LinkedIn တို့လို B2B Social Platform တွေကနေ Potential Client ရှာမယ်။ Online ကနေပဲ အပြီးအစီးရောင်းမယ်ဆိုတဲ့အနေအထားရောက်လာခဲ့ရင် ဒီအချိန်မှာ Covid-19 ကိုကြောက်နေစရာကိုမလိုတာပါ။
(5) Event တွေ Promotion တွေ မလုပ်ရတဲ့အချိန်မှာ အရောင်းတက်ဖို့ဘာတွေကိုအားကိုးကြမှာလဲ။
အဖြေကတော့ Digital ပါပဲ။ Digital ပေါ်ကနေ Awareness ယူထားမယ်။ Societal Marketing Campaign တွေ Digital ပေါ်ကနေလုပ်မယ်။ ကိုယ့် Community ကို အထောက်အပံ့ပေးပြီး ဒီစီးပွားရေးလုပ်ငန်းက ဆက်လက်တည်ရှိနေတယ်ဆိုတာ ပြရတော့မယ့်အချိန်ပါ။
အချုပ်ပြောရရင် Sale Channel ကို Online ရော Offline ရော ထားသင့်တဲ့အနေအထားတစ်ခုကိုရောက်လာပါပြီ။ Branding အနေနဲ့ကတော့ အခက်အခဲကာလမှာ Customer Touch Points တွေကိုရှာပြီး Brand Awareness ရအောင်ပဲယူလိုက်ပါ။ Digital ပိုင်းမှာ Programmatic Ads တွေကို မသုံးမဖြစ်သုံးပြီး Facebook Platform တစ်ခုတည်းတင်မကပဲ ကျန်တဲ့ Channel တွေဆီကိုပါ Budget ဖြန့်သုံးပါ။ Societal Marketing Campaign တွေက စကိုစသင့်နေပါပြီ။ B2B လုပ်ငန်းတွေအတွက်ကတော့ ရေရှည်တိုက်ပွဲတစ်ခုမှာ လက်နက်အပြည့်အစုံတပ်ဆင်ပြီး Digital ကနေ Sale Conversion ထိရလာအောင်ကြိုးစားပြီး ရှေ့ဆက်မှရမှာပါ။
အားလုံးပဲ ကျန်းမာစွာနဲ့ လုပ်ငန်းတွေလည်းအဆင်ပြေပါစေ။
Comments