top of page

Day 15 - Digital Marketing Report တစ်ခုကို ဘယ်လိုဖတ်ကြမလဲ? ဘယ်လို Data တွေပါသင့်လဲ?

  • Writer: Ent Kyi Maung
    Ent Kyi Maung
  • Oct 2, 2020
  • 1 min read

လုပ်ငန်းတွေအနေနဲ့ Digital Marketing အတွက် Budget တစ်ခုသုံးပြီးရင်းနှီးမြှပ်နှံထားတဲ့အတွက် ROI ကောင်းကောင်းတစ်ခုရဖို့က အရေးကြီးပါတယ်။ ကိုယ်အလုပ်အပ်ထားတဲ့ Agency၊ ဒါမှမဟုတ် ကိုယ့်ရဲ့ Digital Team၊ Freelance Team စတဲ့ ဘယ်မှာပဲ ရင်းနှီးမြှပ်နှံသည်ဖြစ်စေ တစ်လစာ ဒါမှမဟုတ် ခြောက်လစာ Report ကိုဖတ်လိုက်တာနဲ့ Budget တစ်ခုသုံးထားတာ ကိုယ်မျှော်မှန်းသလောက်ရရဲ့လားဆိုတာ ပေါ်လွင်စေပါတယ်။


Digital Marketing Report or Digital Marketing Analytics


Digital Marketing လို့ပြောလိုက်ရင် Digital Channel အစုံမှာ ကိုယ်သုံးထားတဲ့ Digital Campaign တွေရဲ့ Report တွေပါပါတယ်။

ဆိုတော့ Agency က ပြန်အစီရင်ခံတဲ့ Report တစ်ခုမှာ ဘာတွေပါသင့်လဲဆိုရင် -


(1) ကိုယ် သတ်မှတ်ပေးထားတဲ့ Business Objective ဒါမှမဟုတ် Marketing Objective နဲ့အညီ ရေးဆွဲပေးထားပြီး လုပ်ဆောင်ထားခဲ့တဲ့ Digital marketing Operation အကြောင်းတွေရေးထားရပါမယ်။


(2) Online မှာ Awareness, Evaluation, Consideration, Conversion စတဲ့ Sale Funnel ပေါ်မူတည်ပြီး ဘယ် Channel မှာ ဘယ်လောက်သုံးတယ် ဘယ်လောက်ရတယ်ဆိုတာမျိုး ရှင်းရှင်းလင်းလင်းပါရပါမယ်။


(3) Data Analysis mindset နဲ့ ဒီလမှာ ဘာ Result တွေကကောင်းပြီး ဘာ Result တွေ မကောင်းဘူး နောက်လ ဘာလုပ်မယ်ဆိုတာ တိတိကျကျ ပါရပါမယ်။


(4) Traffic, Lead, Marketing Qualified Lead, Sale Qualified Lead တွေ ဘယ်လောက်ရလဲ ကြည့်ပြီး သုံးထားတဲ့ Online Marketing Budget နဲ့ Customer Acquisition Cost ဘယ်လောက်ကျနေလဲ Revenue ဘယ်လောက်ပြန်ရလဲ တွက်ရပါမယ်။

Digital Marketing Analytics လုပ်ဖို့ဆိုရင် ပုံသေနည်းမရှိပါဘူး။ ကိုယ်သတ်မှတ်ပေးထားတဲ့ Objectives တွေ Channel အလိုက် Budget မျှဝေသုံးစွဲပုံတွေပေါ်မူတည်ပြီး ကွာသွားပါတယ်။


Marketer ရဲ့ Marketing Concept ပိုင်နိုင်မှုတွေ၊ Operation Team ရဲ့ စည်းချက်ညီမှုတွေ၊ Media Buying Team ရဲ့ အထာကျမှုတွေ၊ Online Branding ပေါ်ချည်းကပ်ပုံတွေပေါ်မူတည်ပြီး ကွာသွားနိုင်ပါတယ်။


ပုံသေနည်းမရှိပေမယ့် အရေးကြီးတဲ့ Key Metrics တွေကို သိထားမယ်၊ ဘယ် Objectives အတွက် ဘယ် Campaign ရဲ့ ဘယ် Key Metrics ကိုတိုင်းရမယ်ဆိုတာသိထားရင် Report တစ်ခုကိုကောင်းကောင်းချည်းသုံးသပ်လို့ရပါတယ်။ ဒါပေမယ့်လည်း မြန်မာပြည်နဲ့အခြားသောနိုင်ငံတွေနဲ့ Digital Marketing ကို သုံးပုံသုံးနည်းချင်း ကွာနေပြန်ပါတယ်။


အခြားသောနိုင်ငံတွေမှာက Website ကို Trffic Drive လုပ်ပြီးမှ Sale Leads နဲ့ Sale Conversion Stage ကိုရောက်အောင်သွားကြပါတယ်။ ဒီနိုင်ငံမှာကတော့ Website ကိုဆွဲခေါ်တာကို ကျော်ချလိုက်ပြီး Social Media Marketing ကနေပဲ အဆင့်တိုင်းကို လုပ်ဆောင်ပါတယ်။


အခြားသောနိုင်ငံတွေမှာ Facebook ရဲ့ Budget အများစုကို Sale Leads နဲ့ Traffic Drive မှာအများဆုံးသုံးတာတွေ့ရပြီး ဒီနိုင်ငံမှာကတော့ Engagement Campaign ကို Budget အများစုသုံးတာတွေ့ရမှာပါ။ B2B လုပ်ငန်းတွေပါ ဒီလိုသုံးတာ ကျတော့်အတွက်အထူးအဆန်းဖြစ်နေပေမယ့် E-Commerce Website မရှိတဲ့ B2C လုပ်ငန်းတွေအတွက်ကတော့ သိပ်မထူးဆန်းလှပါဘူး။


Facebook Platform တစ်ခုလုံးမှာ ဘယ် Campaign တွေကို Budget % အများဆုံးသုံးထားလဲ ဒီကာလမှာ Facebook Platform တစ်ခုလုံး Cost per Result တွေဘယ်လောက်ရနေလဲ စတဲ့ Data တွေကို ကြည့်ချင်ရင် ဒီ Link - http://bit.ly/covidreportbynext ဝင်ကြည့်လို့ရပါတယ်။ Next ကတင်ထားပေးပါတယ်။ (ဒါကတော့ကြော်ငြာထိုးတာပါ)

နောက်ရက်မှာတော့ Digital Marketing Analytics ကို ခြုံငုံမိစေမယ့် Basic Key Metrics တွေအကြောင်းကို ထပ်မံမျှဝေပေးသွားပါ့မယ်။



Commentaires


Subscribe for Updates

Thanks for submitting!

© 2020 by Ent Kyi Maung

bottom of page