top of page

Day 7 -Content ကြားထဲကလူ၊ လူတွေကြားထဲက Content

  • Writer: Ent Kyi Maung
    Ent Kyi Maung
  • Sep 30, 2020
  • 1 min read



Digital Media ပေါင်းစုံကနေ Content တွေကို မျှဝေပြီး ကျတော်တို့ရဲ့ ဖြစ်လာနိုင်တဲ့ Consumer တွေ၊ ရှိနေပြီးသား Consumer တွေကို ဆက်သွယ်ကြတယ်။ အဲ့ဒါကြောင့် ဘယ်လို Digital Marketing လုပ်တယ်ပဲပြောပြော Content ကို ကျွမ်းကျင် ပိုင်နိုင်ခဲ့မှ အောင်မြင်တဲ့ Digital Marketing Campaign ကို လုပ်နိုင်မယ်။


ဆိုတော့ ကျတော်တို့တွေဟာ လူတွေကြားမှာ ပေါက်နေတဲ့ trend တွေကို လိုက်နိုင်မှ၊ အဆန်းတကျယ်ရေးသားနိုင်မှ၊ ပေါ်ပင်ဖြစ်မှ Content လို့ထင်နေကြတာထက် ပိုတွေးဖို့လိုတယ်။ Content Writer လုပ်မယ်ဆိုပြီး ဒီလောကထဲဝင်လာကြတဲ့သူတွေမှာလည်း Creative ဖြစ်လွန်းပြီး စာရေးကောင်းတဲ့ ပါရမီပါတဲ့သူတွေများပါတယ်။ ဒါပေမယ့် ပေါ်ပင်ဖြစ်အောင် ရေးသားဖို့အားထုတ်နေကြလွန်းတယ်။


ဘယ်လိုအချက်တွေက Content ရဲ့အသက်တွေလဲ?


(1) စာလုံးပေါင်းသတ်ပုံမှန်ဖို့


အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးအချက်ပါ။ စာလုံးပေါင်းသတ်ပုံမမှန်တဲ့ Content က ဘယ်လောက်ပဲ Creative ဖြစ်ဖြစ် ဘယ်လောက်ပဲ ကောင်းကောင်း ကိုယ့် customer ကိုယ့် Client ကိုယ့် Consumer ရဲ့ အထင်အမြင်ကြီးမှုကို ရဖို့ခက်ပါတယ်။


(2) လူတွေကြားက Content, Content ကြားထဲကလူ


အရက် Brand တစ်ခုအတွက် Content လုပ်ခဲ့စဉ်က အရက်ပုံမှန်သောက်လေ့ရှိတဲ့သူတွေနဲ့ စကားပုံမှန်ပြောပြီး သူတို့အကြိုက် သူတို့ကို communicate လုပ်နိုင်မယ့် content တွေရှာခဲ့ဖူးတယ်။ ကျတော်ကိုင်ခဲ့သမျှထဲက အရက် brand တစ်ခုဟာ brand penetration အဆင့်မှာထဲက Community Enagagement ကောင်းကောင်းရခဲ့တယ်။ ဒီတော့ Content Writer တစ်ယောက်အနေနဲ့ အရေးကြီးဆုံးက ကိုယ်ပစ်မှတ်ထားတဲ့ audience အကြောင်းကို ဂဃနဏ သိရှိပြီး လွှမ်းမိုးနိုင်ဖို့လိုတယ်။


(3) Marketing Funnel ပေါ်မူတည်ပြီး Content Mapping ချဖို့


ကျတော် Content Writer တွေကို အင်တာဗျူးတိုင်း မေးလေ့ရှိတဲ့မေးခွန်းပါ။ အယောက် ၃၀ မှာ ၂၉ ယောက်မဖြေနိုင်ပါဘူး။ Content Mapping ချဖို့နေနေသာသာ Marketing Funnel တောင်မသိကြပါဘူး။

(a) Awareness Stage

(b) Evaluation Stage

(c) Conversion Stage ကိုမသိပဲ ကိုယ့်ရဲ့ audience ကို

ဘယ်လို Content Type တွေပေးနေတာလဲ တော်တော်စဉ်းစားယူရပါတယ်။ ကိုယ့်ရဲ့ Brand ကို ဘယ်လို Content တွေနဲ့ထိန်းယူထားလဲ မတွေးတတ်အောင်ပါပဲ။


(4) ပေါ်ပင်ရယ် trend ရယ် Creative ရယ်ကို ခွဲခွဲ ခြားခြားသိဖို့


ပေါ်ပင်ဖြစ်နေတဲ့ ကိစ္စရပ်ဟာ ကိုယ့် brand နဲ့သုံးသင့် မသုံးသင့်။ Creative ဖြစ်တယ်ဆိုတာ 18 plus Content တွေကို engage ဖြစ်တယ်ဆိုပြီး စွတ်သုံးတယ်ဆိုတာလဲ မဟုတ်။ Trend တစ်ခုကို လိုက်သင့်မလိုက်သင့်။ သူများပေါက်ပြီးသား content flow ကို ကိုယ့် brand ရဲ့ tone ရယ် personality ရယ်နဲ့ကိုက်မကိုက်ဆိုတာ Branding အခြေခံလေးနဲ့ စဉ်းစားချင့်ချိန်ရမယ့် ကိစ္စတွေပါ။


(5) ကိုယ်ရဲ့ Digital Channel ကို ကျွမ်းကျင်ဖို့။


ဘယ်လို Content Format က ဘယ် Digital Channel မှာ ဘယ်လိုရှိလဲ အကြိမ်ကြိမ်ရေးသား အကြိမ်ကြိမ် စမ်းသပ်။ အကြိမ်ကြိမ် result တွေကို စောင့်ကြည့်ရမှာပါ။


ဆိုတော့ ဆိုတော့ ဆိုတော့ ကျတော်တို့ဟာ Content လို့ ပြောလိုက်တာနဲ့ အများတကာထက် ထူးပြီးရေးနိုင်အောင် ပေါ်ပင်ဖြစ်အောင် trend နောက်အမြန်လိုက်နိုင်အောင် ကြိုးစားနေတာထက်။ Content Writer ကို company ကနှိမ်တယ် မနှိမ်ဘူး ငြင်းခုံနေတာထက် ပိုရှေ့ကိုတက်သင့်နေပါပြီ။


Brand တစ်ခုအတွက် Documented Content Marketing Strategy ကို တစ်နှစ်စာ ဘယ်လိုချမလဲ။ ဘယ်လို tools တွေနဲ့ KPI ကိုတိုင်းမလဲ။ ဘယ်လို tools တွေသုံးပြီး Content တွေရှာဖွေမလဲ။ Content Marketing က ကိုယ့်ရဲ့ Marketing Objectives တွေကို ဘယ်လိုထိရောက်စေလဲ။ဆိုတဲ့ အဆင့်ကို အားလုံးရောက်နိုင်ကြပါစေလို့ ဆုတောင်းရင်း...


Comments


Subscribe for Updates

Thanks for submitting!

© 2020 by Ent Kyi Maung

bottom of page