Day - 12, Talk is cheap, show me your Campaign Result
- Ent Kyi Maung
- Sep 30, 2020
- 1 min read
Updated: Oct 2, 2020

Interview ခေါ်ရင် CV အရင်ကြည့်တယ်။ CV မှာဘာတွေလုပ်ခဲ့လဲ။ Portfolio အခြေအနေဘယ်လိုရှိလဲ။ ပြီးမှခေါ်တယ်ပေါ့။
အားရစရာကောင်းတာက နောက်ပိုင်းလူငယ်တွေက ဒီ field မှာ အခွင့်အလမ်းရှိတာသိကြတယ်။ ပြီးတော့ လေ့လာချင်စိတ်တိုးတက်ချင်စိတ်ရှိတယ်။ မကောင်းတာကတော့ သင်တန်းတွေ တစ်ပြုံတစ်မကြီးတက်ထားတယ်။ မေးလိုက်ရင် ဘာမှမသိတာပါပဲ။
ဂျင်းသင်တန်းတွေ...
အချို့ကောင်းကောင်းမွန်မွန်သင်ပေးတဲ့သူတွေရှိပေမယ့် အချို့က မိုဘိုင်းလ်ဖုန်းတွေစပေါ်ထဲက ဖုန်းပြင်နည်းဆိုပြီး သင်တန်းဖွင့်ဂျင်းထည့်ခဲ့တဲ့သူတွေရှိတယ်။ ကိုယ့်သင်ပေးမယ့် ဆရာက ဘာတွေလုပ်ခဲ့လဲ သူကိုယ်တိုင်ရော ဘယ်လောက်တတ်ခဲ့လဲ မေးခွန်းပြန်ထုတ်စေချင်တယ်။
Networking ခေတ်စားလာတော့ CCNA လက်မှတ်ရရင်ပဲ သူဌေးဖြစ်မလိုတွေပြောပြီး သူတို့ပဲသူဌေးဖြစ် ဘာမှမတတ် industry တစ်ခုလုံးခေတ်ပျက်အောင် တာဝန်ရှိတဲ့ဆရာတွေလဲတွေ့ဖူးတယ်။
SME ပိုင်ရှင်တွေကို တစ်ရက်ပြတ် နှစ်ရက်ပြတ်နဲ့ ads manager လေးသုံးတတ်အောင်ပြပြီး result ကောင်းအောင်လုပ်ပေးတာကပြသနာမရှိပေမယ့် အဲ့ဒီသင်တန်းတွေကို အဟုတ်ကြီးထင် ကြီးကြီးကျယ်ကျယ်တွေပြောပြီး industry ဝင်လာကြတဲ့လူငယ်တွေကိုကြ အဆိပ်ခတ်နေသလိုပဲ။
CPI နဲ့ CPM မကွဲတာတွေ၊ Impression ဘာမှန်းမသိတာတွေ၊ အရင်ကနယ်ပယ်စုံမှာ ဆရာလုပ်ပြီးမှ ဒီနယ်ပယ်ခေတ်ကောင်းလာချိန်မှ ဆရာထလုပ်တဲ့သူတွေရဲ့ ဂျင်းတွေဝင်နေတာလဲဆိုးတယ်။
သင်တန်းကောင်းပေမယ့် ကိုယ်ကမလေ့လာရင်လည်း ဘာမှဆက်မဖြစ်ပါဘူး။
Interview မေးရင် basic မေးခွန်းတွေပဲမေးတယ်။ Digital Marketing ကိုဘယ်လိုလက်ခံထားလဲ၊ Marketing Communication ကိုဘယ်လိုထင်လဲ Branding ဆိုတာဘာလဲ ဒါတွေပဲမေးတာပါ။
ဒါပေမယ့် လက်မှတ်ပေါင်းစုံယူထားတဲ့ဆရာသမားေတွက ကျောင်းတုန်းကတော့သင်ဖူးတယ် စာထဲမှာတို့ မေ့သွားတယ်တို့ သောက်တလွဲတွေဖြေတာတွေပဲ ကြုံရပါတယ်။
သင်တန်းတက်လိုက်ရင် ဟိုလက်မှတ်ရရင် ဒီလက်မှတ်ရရင် လစာကောင်းမယ်ဆိုတဲ့ သင်တန်းဆရာတွေရဲ့ ဂျင်းကြောင့် လစာတော့များများယူချင်ကြပါတယ်။ တာဝန်ယူလုပ်နိုင်တဲ့ skill မရှိပဲ ဘယ်လက်မှတ်ပါလို့မှ လစာမကောင်းနိုင်တာ သိစေချင်ပါတယ်။
လစာများများတောင်းရင် ရထားတဲ့လက်မှတ်များရင် interview question ကလဲ အခြေခံဆိုတာထက် ပိုခက်တဲ့ဟာတွေပဲမေးမယ်လို့မျှော်လင့်ထားသင့်ပါတယ်။
(တစ်ခါမှတော့ ခက်တာမေးတဲ့ဆီမရောက်လိုက်ရပါ :-3 )
Digital Marketing နယ်ပယ်က လုပ်ခဲ့တဲ့အတွေ့အကြုံတွေအပြင် နေ့တိုင်းအသစ်အသစ်ပြောင်းလဲနေတာတွေကိုလေ့လာနိုင်မှုတွေပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့ ရေရှည် skill က ကွာသွားတာပါ။
ဆိုတော့ သင်တန်းတက်မယ်ဆိုလဲ နတ်ရေကန်ထဲကျသလို skill မတက်လာပါဘူး။ ကိုယ့်ရဲ့စိတ်ပါဝငိစားမှု၊ လေ့လာမှု၊ အတွေ့အကြုံတွေကပဲ စကားပြောတာပါ။
သင်တန်းဆရာတွေအနေနဲ့လဲ သင်ပေးနိုင်လောက်တဲ့အတွေ့အကြုံ မရှိပဲ မလုပ်ခဲ့ပဲ နဲ့ google က tutorial ကြည့် ဘာသာပြန်ပြီး ဂျင်းထည့်နေတာရပ်သင့်ပါပြီ။
SME ပိုင်ရှင်တွေ online shop သမားတွေအတွက်ပြသနာမရှိပေမယ့် Co-operate ဝင်သွားတဲ့သူတွေ Agency ဝင်လာတဲ့သူတွေထဲမှာ မပြည့်တဲ့အိုး ဘောင်ဘင်လူးလို့ ကျန်တဲ့သူတွေပါတိုင်ပတ်ပါတယ်။
ဒီနယ်ပယ်ကို ဝင်မယ့်သူတွေကလဲ ဆရာ့ကို ဘာတွေလုပ်ခဲ့တဲ့သူလဲ personal branding တစ်ပေါက်နဲ့လုပ်စားနေတဲ့သူလား Suit အပြည့်ဝတ် တည်တည်ခန့်ခန့်ကြီးနဲ့ ဒီနယ်ပယ်မှာ အချိုအချောင်ရလို့ သင်နေတဲ့သူလား ခွဲခြားစေချင်တယ်။
နောက်ဆုံးအနေနဲ့ Linux Torvalds ပြောသလို "သောက်စကားမများနဲ့ code ပြ" ဆိုသလို သင်မယ့်ဆရာကိုလဲ "သောက်စကားမများနဲ့ ဆရာလုပ်ခဲ့တဲ့ marketing campaign result" တွေပြလို့ မေးစေချင်မိတယ်။
Comments