Day 2 - အခြေခံမားကတ်တင်း Concept နဲ့ Digital Marketing ဘာလဲ ဘယ်လဲ?
- Ent Kyi Maung
- May 19, 2020
- 2 min read
Updated: Sep 30, 2020

Day 2 - အခြေခံမားကတ်တင်း Concept နဲ့ Digital Marketing ဘာလဲ ဘယ်လဲ?
ဝယ်လိုအားအခြေအနေနဲ့ Digital Marketing တာဝန်ဆိုတဲ့ ခေါင်းစဉ်ကို ဆက်မသွားခင်မှာ အခြေခံမားကတ်တင်း Concept နဲ့ Digital Marketing Campaign ဆိုတာဘာလဲ အရင်သိဖို့ လိုလာပါတယ်။ (သိပြီးသူတွေလဲ ဆရာလုပ်တာထင်ရင် မဖတ်ပါနဲ့ :-3 )
Social Media Manager အနေနဲ့ တစ်နှစ်ပြည့်တဲ့အချိန်မှာ ကိုယ့်ဘာကိုယ် တတ်လှပြီထင်ပြီး Digital Marketing Manager အနေနဲ့ အလုပ်သွားလျှောက်ဖူးပါတယ်။ (မပြည့်တဲ့အိုး ဘောင်ဘင်ခတ်ခဲ့တဲ့ ကာလတွေပါ)
အဲ့ဒီမှာ အင်တာဗျူးတဲ့သူက ဖော်ရင်နာတစ်ယောက်ပါ။ အဲ့ဒီအချိန်က ကိုယ့်အဆင့်က Content Plan တောင် marketing funnel ပေါ်မူတည်ပြီး ကောင်းကောင်းမဆွဲတတ်သေးခင်အချိန်ပါ။ Channel ဆိုလို့လည်း facebook တစ်ခုပဲ လုပ်တတ်ပါတယ်။
`မင်းကို ဘတ်ဂျက် ဒီလောက်ပေးမယ်။ ငါတို့အတွက် Digital Marketing Plan ဘယ်လိုဆွဲမလဲတဲ့။´
`သူမျှော်လင့်ထားတဲ့အဖြေက Website traffic ကို ဘယ် Channel ကနေ ဆွဲခေါ်မယ်။ KPI တွေ ဘယ်လု်ိတိုင်းမလဲ။ ဘယ် Channel ကနေ ဘယ်လိုသုံးမလဲ ။ ဘာကြောင့်သုံးတာလဲ ဆိုတဲ့အဖြေပါ။´
အဲ့ဒီခေတ်က မှတ်မှတ်ရရ Coca Cola တစ်ခုပဲ ပြည်တွင်းမှာ Digital Marketing အသားကုန်လုပ်ပြီး ကိုယ်တွေမှာ လမ်းပြပေးမယ့်သူ မရှိတဲ့အခြေအနေပါ။ (နောက်တော့ media Company တစ်ခုမှာBudget တစ်ခုသတ်မှတ်ပြီး Channel စုံအတွက် run ရမယ့် Campaign တွေ လုပ်ရတယ်။ ဆရာမ အိုင်လင်းကလည်း Marketing Communication ကို ဆဲဆဲဆိုဆိုနဲ့ (ဆရာမတွေ့ရင် ဆဲခံရတော့မယ် :-3 ) သင်ပေးခဲ့တာက ကိုယ်တိုင် ဆက်လေ့လာဖို့ အထောက်အပံ့ဖြစ်ခဲ့တယ်။
အစပျိုးတာတင် တော်တော်လေရှည်နေမိပြီ။ ဆိုလိုတာက Digital Marketing လို့ဆိုလိုက်ရင် ကိုယ့်ရဲ့ Marketing Goal ပြည့်ဖို့ Digital Channel အစုံမှာ Campaign တွေကို အောင်အောင်မြင်မြင် Run ပေးနိုင်ရပါမယ်။ အဲ့ဒီအတွက် Digital Marketing Specialist တစ်ယောက်ဖြစ်ဖို့ဆိုရင်
ဘယ်လို Budget နဲ့ဆို အထိရောက်ဆုံးဖြစ်အောင် ဘယ်လို Campaign မျိုးလုပ်မလဲ? Product တစ်ခုရဲ့ message ကို ပေးဖို့ Branding Concept က ဘယ်လို ရှိလဲ။ ကိုယ့်ရဲ့ Digital Marketing Campign အောင်မြင်ဖို့ ဘယ်လို Marketing Communication နည်းလမ်းတွေသုံးပြီး plan ဆွဲမလဲ? Branding Concept ပေါ်မူတည်ပြီး Creative Brief ဘယ်လိုရေးမလဲ? ဘယ်လို Creative Idea တွေက ဘယ် Channel မှာ အထိရောက်ဆုံးဖြစ်မလဲ? ကိုယ့်ရဲ့ Marketing Goal ပြည့်မပြည့် ဘယ် key metric တွေနဲ့ တိုင်းမလဲ? ဒါက သူ့တာဝန်တွေပါ။
ကိုယ်တာဝန်ယူလုပ်ပေးမယ့် ကုမ္ပဏီက ဘယ်လို Marketing Concept နဲ့ သွားနေလဲဆိုတာလဲ အရေးကြီးမေးခွန်းပါ။
မားကတ်တင်းစီမံခန့်ခွဲမှုမှာ အခြေခံအားဖြင့် ငါးနည်းနဲ့ စခန်းသွားနေကြပါတယ်။
(1) Production Concept
Def တွေက ကွကို google ခေါက်လို့ရတော့မပြောတော့ဘူး။ လူသုံးကုန်ပစ္စည်းအချို့က အဲ့ဒီ Concept နဲ့ရောင်းကြတယ်။ ဈေးပေါပေါနဲ့ များများထုတ် များများရောင်း။ ဥပမာ မြန်မာပြည်လို အများစု ဆင်းရဲတဲ့တိုင်းပြည်မျိုးမှာ ဆပ်ပြာလို ပစ္စည်းမျိုးကို ဈေးပေါပေါနဲ့များများထုတ် အခြေခံလူတန်းစားတွေဆီများများရောင်း။
အားသာချက်က - ဈေးသက်သာတယ်။ စံသတ်မှတ်ထားတဲ့ အရည်အသွေးတွေချည်းပဲ ဈေးကွက်မှာ ပေါသောနေတယ်။ ထုတ်လုပ်တဲ့အချိန်က မြန်တယ်။
အားနည်းချက်ကတော့ - ပစ္စည်းထုတ်ပိုးမှုပုံစံတွေ၊ အရည်အသွေးတွေက ဘာမှမထူးခြားဘူး။ ဒီပုတ်ထဲက ဒီပဲပဲ။
အဲ့ဒီလို Product မျိုး Digital Marketing လုပ်မယ်ဆို အရည်အသွေးတွေ ဘာတွေအကြောင်း တခုတ်တရ campaign လုပ်တာထက်။ consumer ရှေ့မှာ များများမြင်အောင်သာ ပြလိုက်တာအကောင်းဆုံးပါ။ Website Banner Ads တွေ၊ Facebook မှာ Brand awareness များများရစေတဲ့ Content နည်းနည်းတွေကို အကြိမ်ရေ များများပြပေးတာ အကောင်းဆုံးပါ။
(2) Product Concept
မြင်အောင်ပြောရရင်တော့ စတိဂျော့ခေတ်က အိုင်ဖုန်းတို့လိုပစ္စည်းတွေပါ။ ပစ္စည်းကို ကော့ကျော့နေအောင်လုပ်ပြီး ဈေးကလည်း အဆင့်အတန်းတစ်ခုရှိတဲ့ပစ္စည်းတွေပါ။
အားသာချက်ကတော့ - အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ဖြစ်လာတာပါ။
အားနည်းချက်ကတော့ - လူတွေတကယ်လိုတဲ့ function တွေရော ဟုတ်ရဲ့လားဆိုတာပါ။
( အဲ့ဒီလို Product ကို Digital Marketing လုပ်ရင်တော့ ဝင်ကြည့်လိုက်တာနဲ့ အဆင့်တစ်ခုဖြစ်အောင် တည်ဆောက်။ လူတွေလိုတဲ့ function တွေမှန်းသိအောင်လုပ်။ ဒီပစ္စည်းကိုင်မှ အဆင့်တစ်ခုရှိတယ်ဆိုတာမျိုး ဖြစ်အောင်ရိုက်သွင်း :-3 ကိုယ့်ပစ္စည်းဝယ်နိုင်မယ့် လူတန်းစားတွေကို ဦးတည်ထားတဲ့ Campaign တွေကို များများလုပ်။)
စာရှည်နေပြီမလို့ Selling Concept၊ Marketing Concept၊ Societal Marketing Concept တွေနဲ့ သွားနေတဲ့ Company တွေက ဘာလဲ? ဘယ်လို Digital Marketing လုပ်ကြမလဲဆိုတာ နောက်ရက်တွေမှ မျှဝေပေးပါ့မယ်။
Comments