top of page

Day 5 - `Content is King, But Data is Emperor´

  • Writer: Ent Kyi Maung
    Ent Kyi Maung
  • Sep 30, 2020
  • 1 min read

Digital Marketing ကို Facebook Marketing လို့ပဲ မြင်နေတာတွေ Digital Channel တွေပေါ်မှာ ကြော်ငြာထိုးတာလောက်ပဲ မြင်နေတာက ခဏရပ်ပြီး Digital Marketing နဲ့ Marketing Information System ဒါမှမဟုတ် Marketing Research ဘယ်လိုလုပ်ကြမလဲဆိုတာအထိ သွားကြရအောင်ဗျာ။


ပထမတစ်ရက်မှာတော့ Marketing Information System ဆိုတာဘာလဲ? Digital Marketing ကိုအသုံးချပြီး Marketing Information System ကို ဘယ်လိုထောက်ပံ့မလဲဆိုတာ အရင်ဆုံးဆွေးနွေးကြတာပေါ့။


ဒုတိယရက်မှာတော့ Data Management Platform တစ်ခု ဘယ်လိုတည်ဆောက်ကြမလဲ ဘယ်လို Data တွေကအရေးပါလဲ ဆိုတဲ့အခြေခံကို မျှဝေပေးမှာဖြစ်ပါတယ်။ တတိယရက်မှာတော့ Demand Side Platform ကို အခြေခံတဲ့ Banner Ads တွေအကြောင်း Rich Media တွေအကြောင်း၊ Targeting တွေအကြောင်းဆက်ဆွေးနွေးကြတာပေါ့ဗျာ။


Marketing Information System တစ်ခု ဘာလို့လိုအပ်လဲ??


ဘယ်ပစ္စည်းကို လူတွေစိတ်ဝင်စားနေလဲ ဈေးကွက်မှာ ကိုယ့်ပစ္စည်းအနေအထားကရော ဘယ်လိုရှိလဲ စားသုံးသူတွေကရော ကုန်ပစ္စည်းကို ဘယ်လိုသဘောထားလဲ ကိုယ့်ပြိုင်ဖက်တွေကရော ဘာတွေလုပ်နေပြီလဲ ဘယ် promotion လုပ်လိုက်ရင် ရောင်းအားအခြေအနေဘယ်လိုဖြစ်သွားမလဲ? ဘယ်ကာလမှာ ဘယ်လို promotion တွေ event တွေလုပ်တာက အသင့်တော်ဆုံးဖြစ်မလဲ? ဒီလို ဆုံးဖြတ်ချက်တွေချမှတ်ဖို့အတွက် သင့်တော်တဲ့ data တွေရဖို့လိုအပ်ပါတယ်။


Survey ကောက်တာ၊ Sample မေးခွန်းတွေကို လူတွေနဲ့တွေ့ပြီးမေးတာတွေဟာ ကုန်ကျစရိတ်အရမ်းများသလို လူလဲပင်ပန်းပါတယ်။ ဒီတော့ digital က data တွေကိုအသုံးချပြီး Marketing Information System တစ်ခုမှာ တိတိကျကျထောက်ပံ့ပေးပြီး မှန်ကန်တဲ့ marketing ဆိုင်ရာဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် ကူညီပေးလို့ရပါတယ်။


Marketing Information System တစ်ခု ဒါမှမဟုတ် Marketing Research တစ်ခုမှာ အရေးပါတဲ့သုံးချက်နဲ့ဖွဲ့စည်းထားပါတယ။


(1) Internal Data

(2) Merketing Intelligence

(3) Customer Insights တွေပါ။


(1) Internal Data

သင့် Comsumer တွေရဲ့ Email တွေ၊ သူတို့ရဲ့ အသက်အရွယ် စိတ်ဝင်စားမှုတွေ၊ ဈေးကွက်အချက်အလက်တွေကို company ရဲ့ network အတွင်းကနေပြီး ရနိုင်သမျှ စုဆောင်းတာပါ။ ဒီနေရာမှာတော့ Email Marketing တွေ၊ Facebook ကနေ ကိုယ့် comsumer data တွေကို Google form ဖြည့်ခိုင်းပြီး ဆုပြန်ပေးတဲ့ ပြိုင်ပွဲတွေ၊ အပြင်မှာပါ form ဖြည့်ခိုင်းပြီး online ကနေ မဲဖောက်ပေးတဲ့ ပြိုင်ပွဲမျိုးတွေကနေ အချက်အလက်တွေကို ရယူစုဆောင်းနိုင်ပါတယ်။


(2) Marketing Intelligence

Comsumers ရဲ့ data တွေ၊ ပြိုင်ဖက်ရဲ့ data တွေ၊ ဈေးကွက်ရဲ့အနေအထားတွေကို data စုဆောင်းတာပါ။ (ဒီအပိုင်းကိုတော့ နောက်ပိုင်းမှာဆက်ပြောမယ့် DMP နဲ့ DSP အကြောင်းမှာ data ဘယ်လိုယူမလဲ ပြန်ရှင်းပါမယ်။


(3) Customer Insights

ကိုယ့် Customer တွေရဲ့ အပြုအမူတွေ၊ စိတ်ဝင်စားမှုတွေ၊ သူတို့ကြုံနေရတဲ့အခက်အခဲတွေ၊ သူတို့ တန်ဖိုးထားတဲ့အရာတွေကို data စုဆောင်းတာပါ။ လွယ်လွယ်ပြောရရင်တော့ သင့် website ကို ဝင်ကြည့်နေတဲ့သူက ဒါမှမဟုတ် facebook page ဝင်ကြည့်နေတဲ့သူက ဘယ်နေရာကလဲ အသက်ဘယ်လောက်လဲ ဘာတွေ စိတ်ဝင်စားလဲဆိုတာမျိုးတွေကို data စုဆောင်းတာပါ။ ဘယ်အချိန်မှာ ဘယ် promotion ပေးရင်စိတ်ဝင်စားမလဲဆိုတာကို CTR (click through rate) နဲ့ ပြန်တိုင်းတာတွေအထိပါ သွားလို့ ပါတယ်။


နောက်အပိုင်းကြရင်တော့ Data Management Platform တစ်ခုဘယ်လိုတည်ဆောက်ထားလဲနဲ့ marketing information system တစ်ခုကို data management platform နဲ့ ဘယ်လို အထောက်အကူပြုမလဲဆိုတာ ဆက်ပြီးဆွေးနွေးမှာပဲ ဖြစ်ပါတယ်။





Komentarai


Subscribe for Updates

Thanks for submitting!

© 2020 by Ent Kyi Maung

bottom of page