Day 1 - ဝယ်လိုအားအခြေအနေနဲ့ Digital Marketing တာဝန်
- Ent Kyi Maung
- May 19, 2020
- 1 min read
Updated: Sep 30, 2020

စာရေး post တင်ပြီး boost လုပ်တာကို Digital Marketing လို့ထင်နေရင်တော့ ဒီ post တွေကို မဖတ်ပါနဲ့။ Digital Marketing ခေတ်ကောင်းလာတော့ လူတိုင်းက Digital Marketing လုပ်၊ သင်တန်းဖွင့်၊ online က Tips တွေနဲ့ ဆရာလုပ်တဲ့သူတွေများလာ၊ အဲ့ဒီသူတွေရဲ့ တပည့်တွေက in house ဝင် လာကြတော့ Agency တွေအနေနဲ့ သူတို့နဲ့ကြ ပြောရဆိုရ လက်ပေါက်ကပ်လာပါတယ်။ အပြင်လူတွေအနေနဲ့လည်း Digital Marketing ဟာ စာရေး ပုံဆွဲတတ်တဲ့သူတိုင်း လုပ်လို့ရတဲ့သူတိုင်း လုပ်လို့ရတယ် ခပ်ပေါပေါလို့ မြင်လာတာလည်း အတော်ဆိုးပါတယ်။ Digital Marketing က data analytic လုပ်ချင်တဲ့ အကျင့်ရှိဖို့ရယ် ဘယ်လို Creative နဲ့ ဘယ်လိုမျိုး campaign ကိုလုပ်မယ်၊ နေ့တိုင်းအသစ်ပေါ်နေတဲ့ နည်းပညာကို နိုင်နိုင်နင်းနင်း အသုံးချဖို့ရယ်၊ မားကတ်တင်းအသိပညာရှိနေဖို့ရယ်က အရေးကြီးပါတယ်။ ဒီ Challenge မှာ ရက်ပေါင်း ၅၀ စာ Digital Marketing အသိပညာတွေကို မျှဝေပေးသွားပါမယ်။ အခြေခံထက်ပိုတဲ့ Concept ပိုင်းတွေကို မျှဝေပေးသွားမှာ ဖြစ်ပြီး ဒါဖတ်ပြီးတော့တော့ ဘာမှ လုပ်စားကိုင်စားတတ်လာအောင်တော့ ဖြစ်လာမှာတော့မဟုတ်ပါဘူး။ :-3 လုပ်စားကိုင်စားတတ်ချင်ရင်တော့ ကိုယ့်ဘာကိုယ်လုပ်ပြီး ထပ်ပြီး လေ့လာမှရမှာပါ။ :-3 ပထမဆုံးအနေနဲ့ မျှဝေပေးချင်တာ ဈေးကွက်မှာ ဖြစ်နေတဲ့ ကိုယ့်ကုန်ပစ္စည်းရဲ့ ဝယ်လိုအားအခြေအနေကိုကြည့်ပြီး Digital Marketing ဘယ်လိုလုပ်မလဲ ဆုံးဖြတ်တတ်ဖို့ပါ။ Sale Team ရဲ့ မှန်ကန်တဲ့ feedback တွေကို နားထောင်ပြီး ကိုယ့်ကုန်ပစ္စည်းရဲ့ ဝယ်လိုအားအခြေအနေ ဘယ်လိုရှိမလဲဆိုတာ သိရပါမယ်။ အင်တာနက် ကုမ္ပဏီ X ရှိတယ်ဆိုပါစို့။ သူက အစကောင်းတယ်။ ဆိုရှယ်မီဒီယာပေါ်က နာမည်ကျော်တိုင်းက သူ့ပစ္စည်းကောင်းကြောင်း ကြော်ငြာပေးတယ်။ ဒစ်ဂျစ်တယ်မီဒီယာတိုင်းက သူ့အင်တာနက်လိုင်းအကြောင်း ရေးပေးတယ်။ လူတိုင်းက သူ့ပစ္စည်းမသုံးရင် ခေတ်မမှီဘူးလို့ ထင်ခဲ့တဲ့အထိ အွန်လိုင်းမားကတ်တင်းကနေ သူ့ပစ္စည်းက ထိုးဖောက်အောင်မြင်ခဲ့တယ်။ ဒါပေမယ့် လူတွေတကယ် သုံးလာတဲ့အခါကျ Negative Demand တဖြေးဖြေးဖြစ်လာတယ်။ လိုင်းမမိဘူးဆိုတဲ့ အားနည်းချက်ရှိတယ်။ ပစ္စည်းကိုမကြိုက်ကြတော့ဘူး။ ဂျင်းလို့ပြောလာကြတယ်။ အဲ့ဒီအချိန်မှာ ဒစ်ဂျစ်တယ်ဖက်က Creative Post တွေနဲ့ အတင်းထိုးရောင်းနေတုန်းပဲ။ အဲ့ဒီတော့ သုံးစွဲသူဦးရေ ထိုးကျတယ်။ အဲ့ဒီလို Negative Demand အခြေအနေဆို Digital Marketing ဖက်က ဘယ်လို campaign မျိုးနဲ့ ပြန်ထိန်းမလဲ။ Product ကို လူတွေက စိတ်မဝင်စားဘူး ဝယ်လိုအားလုံးဝမရှိတဲ့ No Demand အခြေအနေဆို Digital Marketing ဖက်က ဘာလုပ်မလဲ။ ဝယ်လိုအားကျနေတယ် မရောင်းရဘူးဆိုတဲ့အခြေအနေမှာ ဘယ်လို Campaign မျိုးတွေ လုပ်မလဲ။ Full Demand အခြေအနေဆိုရင်ရော အဲ့ဒီ အခြေအနေကို digital marketing ဖက်က ဘယ်လို campaign မျိုးနဲ့ ထိန်းမလဲ??? ဒါတွေကို နောက်တစ်ပုဒ်ကြရင် ဆက်ပြီး မျှဝေပေးပါမယ်။
댓글