Day 6- Digital Marketing လုပ်မယ်ဆို Agency အပ်မှာလား? In-house ခန့်မှာလား? Freelance အပ်မှာလား?
- Ent Kyi Maung
- Sep 30, 2020
- 1 min read

In-house
အခုဆိုရင် လုပ်ငန်းအများစုက In-house Digital Marketing Manager တွေ Facebook Team တွေခန့်လာကြပါတယ်။ ဒီတော့ အားသာချက်၊အားနည်းချက်နဲ့ ကျတော့အတွေ့အကြုံအရ ဘယ်လိုခန့်ရင်အဆင်ပြေမလဲဆိုတာတွေ မျှဝေချင်ပါတယ်။ (အမြင်မတူရင်လဲ ဝင်ဆွေးနွေးနိုင်ပါတယ်။)
အားသာချက်
Brand Manager တွေ Marketing Manager တွေနဲ့ အနီးကပ်ရှိပြီး Brand အကြောင်းကို ဂဂဏဏသိပြီး အချိန်မရွေး လုပ်ပေးနိုင်သူတွေဖြစ်ပါတယ်။
အားနည်းချက်
Digital Marketing Manager တွေက စူပါဟီးရိုးတွေမဟုတ်တော့ သူတို့အတွက် လိုအပ်တဲ့ content writer တွေ၊ designer တွေကလည်း ဆရာကျနေဖို့လိုပါတယ်။
မြန်မာပြည်ရဲ့ အမြဲ ကြုံရတဲ့ ပြဿနာက လူကောင်းတွေရဖို့ခက်တာပါ။ Facebook လောက်ကို in-house လုပ်မယ်ဆိုရင်ပဲ motion designer တွေ၊ graphic designer ကောင်းကောင်းတွေ၊ social media executive တွေ ရှိနေဖို့လိုပါတယ်။ ကျန်တဲ့ digital marketing channel တွေအတွက်ဆိုရင်တော့ agency တစ်ခုခုကို အပ်ကိုအပ်ရတော့မှာပါ။
အကြံပေးချက်
Branding အကြောင်း၊ Marketing Communication အကြောင်း၊ Digital Marketing အကြောင်း ဆရာကျတဲ့ အတွေ့အကြုံရှိတဲ့သူရှိရင် ဆွဲထားလိုက်ပါ။ သူအကုန်မလုပ်ရင်တောင် agency တွေကိုရွေးတဲ့နေရာမှာ၊ agency ကိုလိုအပ်တဲ့ ညွှန်ကြားမှုတွေ ပေးတဲ့နေရာမှာ အသုံးဝင်မှာပါ။ Team တစ်ခုဖွဲ့ဖို့ကြိုးစားရင်တော့ လက်ရှိအနေအထားအရ လူကောင်းတွေချည်းရဖို့ခက်သလို အဲ့ဒီလူတွေကို ခန့်ခွဲဖို့ လစာပေးဖို့ဆိုတာတွေက agency အပ်တာထက် ပိုကုန်သွားမှာပါ။
Agency
အားနည်းချက်
Agency အများစုရဲ့ ပြဿနာက Brand အကြောင်းသေချာမလေ့လာချင် ကိုယ့် Brand လိုသဘောထားပြီး မလုပ်ပေးနိုင် Digital Marketing Agency ဆိုတာထက် Creative ပိုင်းဦးစားပေးတဲ့ agency တွေများနေ၊ ကြားထဲက company နဲ့ ဆက်ဆံပေးရတဲ့ Account Manager က Digital Marketing အကြောင်း ဘာမှနားမလည်ဆိုတာတွေ များနေပါတယ်။
အားသာချက်
Agency ဆိုတာက Digital Marketing သီးသန့်လုပ်ဖို့လူတော်တွေချည်း ရွေးစုထားတဲ့နေရာပါ။ ဒီတော့ ကိုယ်တိုင်လုပ်တာ ဝန်ထမ်းခန့်နေတာထက် အကုန်အကျသက်သာပြီး အရည်အသွေးပိုကောင်းပါတယ်။
အကြံပေးချက်
Agency ကိုအလုပ်အပ်တဲ့အခါမှာလည်း ကိုယ့်ဖက်မှာ Digital Marketing အကြောင်းနားလည်တဲ့ Digital Marketing Manager တစ်ယောက်ရှိနေရင်အကောင်းဆုံးပါ။ ကိုယ်ဘာလိုအပ်တာလဲဆိုတာသေချာစဉ်းစားပြီး ဂျင်းမဟုတ်တဲ့ agency ကိုရွေးချယ်နိုင်ရင် အဆင်ပြေမှာပါ။ (ဥပမာ Brand Awareness လိုနေတဲ့အခါ Digital အပိုင်းမှာလည်း Branding Concept သေချာနားလည်ပြီး ရေရှည်လက်တွဲနိုင်မယ့် Agency, Brand Penetration လုပ်ဖို့လိုနေတဲ့အခါ Creative Idea ကောင်းတဲ့ Agency, Digital Marketing တစ်ခုလုံး Plan ရော Strategy ရော ရေရှည်အပ်ချင်တဲ့အခါ Result-Oriented ဒါမှမဟုတ် Data Driven ကိုအခြေခံတဲ့ Full Service Digital Marketing Agency တစ်ခုခု)
Freelance
အားသာချက်
အကုန်အကျသက်သာတာပါ။ Freelance အများစုက agency အပ်တာ လူခန့်တာထက်အများကြီးပိုသက်သာတဲ့ဈေးနဲ့ လုပ်ပေးနေကြပါတယ်။
အားနည်းချက်
အားနည်းချက်ကတော့ ပရောဂျက်ကို စီမံခန့်ခွဲရခက်ပါတယ်။ လုပ်ပေးတဲ့သူနဲ့တိုက်ရိုက်တွေ့ရတာ ကြားထဲမှာ Account Manager မခံထားတော့ အချိုးပြေပြေဆက်ဆံခံရဖို့ project အချိန်မှီပြီးဖို့ဆိုတာတွေမှာ အခက်ခဲရှိပါတယ်။
အကြံပေးချက်
Content အပိုင်းပဲ လိုတာလား Design ပဲလိုတာလား ဒါဆိုရင်တော့ Freelance အပ်လိုက်ပါ။ အကုန်လုံးကို စည်းချက်မှန်မှန် လက်ရာတစ်ခုထဲ ထွက်စေချင်ရင်တော့ မအပ်တာပိုကောင်းပါတယ်။
Comentarios