Day 4 - Digital Marketing ဆိုင်ရာအလုပ်ရာထူးနဲ့အလုပ်တာဝန်များ
- Ent Kyi Maung
- May 19, 2020
- 2 min read
Updated: Sep 30, 2020

Digital Marketing Manager Digital Marketing Manager ရဲ့တာဝန်က Digital Platform တွေ၊ Digital Media တွေပေါ်မှာ Marketing Campaign တွေကို အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်ရပါတယ်။ (Digital Marketing Campaign ကို Like and Share လုပ်တဲ့ပြိုင်ပွဲတွေထင်နေရင်တော့ Digital Marketing လောကထဲကိုဝင်မလာသင့်သလို၊ Digital Marketing လည်းမလုပ်သင့်ပါဘူး :-3 ) သူက Company ဒါမှမဟုတ် ထုတ်ကုန်တွေရဲ့ Brand Awareness ရဖို့တွေ၊ Sale Leads နဲ့ Sale Conversion ဖြစ်ဖို့တွေမှာ အဓိကတာဝန်ရှိသူပါ။ ဆိုတော့ ကျတော်သာ interview တဲ့သူတစ်ယောက်ဆိုရင် မင်းကို ဒီ Marketing Budget ပေးမယ် မင်းငါတို့ထုတ်ကုန်အတွက် ဘယ်လို Digital Marketing Campaign တွေကို ဘယ် Channel တွေကနေ Run မှာလဲ?? မင်း KPI ကရော ငါတို့ Marketing Objectives အတွက် ဘယ်လိုထိရောက်မလဲ? မင်းအရင်က Run ခဲ့ဖူးတဲ့ Campaign တွေရဲ့ Portfolio ပြဆိုပြီးပဲမေးမှာပါ။ မင်း Design ဆွဲတတ်လား?? မင်း Content ရေးတတ်လား? မင်း Facebook Ads Manager သုံးတတ်လားမေးတဲ့ ကုမ္ပဏီမှာဆို ကျတော်သောက်ရေးလုပ်ပြီးကို အလုပ်ဝင်လုပ်မှာကိုမဟုတ်ပါဘူး။ Digital Marketing Manager ဖြစ်ဖို့ဘယ်လို Skill တွေလိုအပ်လဲ??? အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရမယ်။ သူ့လက်အောက်မှာ Content Writer တွေ Social Media Manager တွေ Social Media Executives တွေရှိသလို၊ Creative Director တွေ၊ Art Director တွေ၊ Designer တွေနဲ့ ဖွဲ့စည်းထားတဲ့ Creative Team နဲ့လည်း ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး Director တွေ၊ Producer တွေ၊ Editor တွေနဲ့ဖွဲ့စည်းထားတဲ့ Video Production Team နဲ့လည်း ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အခြားသော Digital Media Buying လုပ်သူတွေ၊ SEO၊ SEM လုပ်တဲ့သူတွေ Programmatic Ads Run တဲ့သူတွေကိုလည်း တိကျတဲ့ Campaign Plan တွေပေးရမှာဖြစ်ပါတယ်။ ဆိုတော့ ဒါတွေအားလုံးကို အကုန်ကိုယ်လုပ်တတ်ဖို့လည်း မလိုပါဘူး။ ကိုယ်က Strategy နဲ့ Plan ချပေးရမှာဖြစ်ပြီး လိုအပ်တဲ့လမ်းညွှန်ချက်တွေပေးရမှာပါ။ Personal အမြင်အရတော့ ကျတော်လက်ခံထားတာ Analytic Skill ရယ် Data Driven Skill ရယ် Branding ရယ် Marketing Communication ရယ် လူတွေကို control လုပ်နိုင်တဲ့ Skill ရယ် Creative Skill ရယ် နည်းပညာတွေကိုလိုက်မှီနိုင်မှုရယ် ဒါတွေရှိရင်အတော်လေးပြည့်စုံပါတယ်။ Digital Marketing Manager ကဘာတွေကိုတာဝန်ယူရလဲ??? - ကုမ္ပဏီ (ဒါမှမဟုတ်) ကုန်ပစ္စည်းအတွက် Digital Campaign တွေကို တာဝန်ယူရေးဆွဲစီစဉ်ရတယ်။ - Digital ပေါ်မှာ Brand Awareness ရအောင်လုပ်ပေးရမယ်။ - B2B ကုမ္ပဏီအတွက်ဆိုရင် Website Traffic တွေတိုးအောင် Sale Lead တက်အောင်လုပ်ပေးရတယ်။ - Digital Marketing Campaign တွေကို Analytic Report ပြန်ထုတ်ပေးရမယ်။ - Digital Marketing Budget ဘယ်လောက်သုံးရမလဲ ဆုံးဖြတ်ပြီး ဘယ် Channel မှာ ဘယ်လောက်ပြန်သုံးမလဲဆုံးဖြတ်ပေးရမယ်။ - Digital Trend ( အောက်လုံးစာတွေနဲ့ ပေါ်ပင် Trend တွေကို မပြောပါ) ကိုအမြဲမျက်ခြေမပြတ်စောင့်ကြည့်ပြီး ပြန်အသုံးချရမယ်။ Digital Marketing Executive, Social Media Manager, Social Media Executive, Designer, Content Writer, စတဲ့ အလုပ်တာဝန်တစ်ခုချင်းစီမှာ သူ့နေရာနဲ့သူတာဝန်ယူရတဲ့အပိုင်းကွာခြားမှုရှိပါတယ်။ ဒီတော့ Digital Marketing Manager Position ကို အလုပ်ခေါ်မယ်ဆိုရင် In-House ခန့်ချင်တဲ့ ကုမ္ပဏီတွေအနေနဲ့ မသိလို့မှားရေးတာကို လက်ခံနိုင်ပေမယ့် Agency တွေအနေနဲ့ ရုပ်ပေါက်လွန်းလှတဲ့ အမှားပါ။ ပြီးတော့ လစာကိစ္စ။ ဟိုအရင်အချိန်တွေတုန်းက Digital Marketing Manager ဆိုတာ အရည်အချင်းပြည့်ရင် ၁၀ သိန်းလောက်ပေးကြတဲ့ ခေတ်လည်းရှိခဲ့ပါတယ်။ အခုတော့ Social Media Executive တောင် $ 400 ကနေ $ 500 ဝန်းကျင်ရနေတဲ့ခေတ်မှာ ၄ သိန်း ၆ သိန်းပေးပြီး Digital Marketing Manager ကို design ပါဆွဲခိုင်းချင်တဲ့ Company တွေကတော့ Facebook Admin လို့သာခေါင်းစဉ်တပ်ပြီး အလုပ်ခေါ်စေချင်ပါတယ်။ ကျတော့်သိသလောက် Digital Marketing Manger တစ်ယောက်ရဲ့လစာက မြန်မာပြည်မှာ $ 1500 ကနေ $ 2500 အထိ ပေးခေါ်နေကြပါတယ်။ #50DaysofDigitalMarketingChallengebyEKM
Yorumlar