top of page

Day 9 - Marketer ဘဝအမှားတစ်ရာ....

  • Writer: Ent Kyi Maung
    Ent Kyi Maung
  • Sep 30, 2020
  • 1 min read

စာရေးတိုင်းမှာ ဒါမှမဟုတ်ပွဲတွေမှာ ကြုံတိုင်း Digital Marketing ပဲလုပ်​လုပ် Content Marketing ပဲလုပ်လုပ် Digital Platform ရဲ့ Technical Skill ရှိဖို့လိုသလို Marketing Concept တွေကိုလဲ သိဖို့လိုတယ်လို့ ပြောဖြစ်တယ်။ ကျတော် Content Manager လုပ်နေရာကနေ ဘာ Marketing Concept မှမသိသေးခင် Social Media Manager ဖြစ်လာတုန်းက အမှားတွေလုပ်ခဲ့ဖူးတယ်။ တစ်ခေတ်တစ်ခါက Social Media လို့ပြောလိုက်တာနဲ့ Creative, Creative, Creative ဖြစ်ဖို့လို့ဆိုပြီး အာရုံစိုက်နေကြချိန်မှာ Brand တစ်ခုကိုင်ရပါတယ်။ အဲ့ဒီ Product က Application တစ်ခုပဲဆိုကြပါစို့။ မြန်မာပြည်မှာ Wave Money တိ​ု့ ဘာတို့မပေါ်စဥ်ကဆိုတော့ Idea လဲကောင်း ပြိုင်ဖက်လဲ မရှိသေးခင်လို့ဆိုရမယ်။ တကယ်တော့ အဲ့ဒီ App ရဲ့ Demand State က Full Demand (သူပဲရှိတော့ သူ့ပဲစွတ်သုံးကြတဲ့အနေအထား) ကနေ Falling Demand ပြီးတော့ Negative Demand (App က Error တွေတက် သုံးရခက်တော့ လူတွေမသုံးချင်ကြတဲ့ အနေအထားကို) ထိုးဆငိးနေချိန်ကြီးကိုင်ရတာ။ ကျတော်လဲ Negative Demand ဘာညာ ဖြစ်နေတာထည့်မစဥ်းစားဘူး လူတွေသုံးလာကြရင်ပြီးရော စွတ်ဆက် Creative တွေလုပိတာ။ လူတွေပိုသုံးကြပေမယ့် App က Error များတော့ အခြေအနေကပိုပိုဆိုးသွားပါတယ်။ ကျတော်သာ အဲ့ဒီအချိန်က Demand State ကိုနားလည်ပြီး Online Marketing Task ကို သေချာ Feedback တွေနာ​းထောင် App Team ကိုပြန်​ပြော Promotion တွေပေး လူတွေဘာမကြိုက်တာလဲဆိုတာသေချာ ဆန်းစစ်ပြီးသာ ​လုပ်ခဲ့ရင် Fail မှာမဟုတ်ပါဘူး။ ကျတော်မှားခဲ့တဲ့အမှားမျိုးလဲ တွေ့ခဲ့ရဖူးတယ်။ မကြာခင်တုန်းက အင်တာနက် Company တစ်ခုက Brand Penetration State မှာတင် သူ့မှမသုံးရရင် ခေတ်မမှီလာအောင်လုပ်ပစ်နိုင်တဲ့ Campaign တွေနဲ့ ပေါ်လာသေးပါတယ်။ Blogger တွေကလည်း အဲ့ဒီအင်တာနက်လိုင်းအကြောင်း၊ Facebook Cele တွေကလဲဖွနဲ့ အပြင် Billboard မှာလဲ သူ့ကြော်ငြာတောိတော်ကြီးကိုမိုက်ပါတယ်။ Product ထွက်လာတော့လည်း အကုန်ဝယ်အားပေးလိုက်ကြတာ။ Full Demand အနေအထားကနေ လိုင်းကမကောင်း အချို့နေရာတွေ အခုထိမရတော့ Falling Demand ပြီးတော့ Negative Deamand စဖြစ်လာတယ်။ အဲ့ဒီအချိန်မှာလဲ သူတို့ Fb page က စွတ်ဆက် Creative လုပ်လူသုံးအောင်လုပ်နေတုန်းပါပဲ။ အသုံပြုသူတွေရဲ့ အခက်အခဲကို သေချာပြန်ရှင်းပြတာ ဘာညာမလုပ်ခဲ့ဘူး။ အဲ့ဒီ Brand ထိုးကျသွားလိုက်တာ အခုဆို အဲ့ဒီ Brand ကြားတာနဲ့ ဂျင်းအင်တာနက်လိုင်းလေဆိုပြီး ဖြစ်တဲ့အထိပါပဲ။ Feedback ပြန်ကောက်ပြီး Marketing Task ကိုပြောင်းလိုက်ချိနိမှာတော့ လုံးဝမမှီတော့ပါဘူး။ ဆိုတော့ Content Marketing ပဲလုပ်လုပ် Digital Marketing ပဲလုပ်လုပ် အပြင်မှာ ကိုယ့် Product က Falling Demand လား Negative Demand လား Latent Demand လား Full Demand လား ဘယ်လိုအခြေအနေဖြစ်နေလဲဆိုတာသိရပါမယ်။ ပြီးမှ အပြင်မှာရော Online မှာပါသွားတဲ့ Marketing Task တွေက တသတ်မတ်တည်းဖြစ်နေဖို့လိုပါတယ်။ Digital Marketing ပဲလုပ်လုပ် Content ပဲရေးရေး Online က Tips တွေဖတ်ပြီး လုပ်နေတာထက်စာရင် ကိုယ်တိုင် သီအိုရီတွေကိုနားလည်လေ့လာပြီး လုပ်နိုင်​ကြပါစေဆုတောင်းလျက်...။ #50DaysofDigitalMarketingChallengebyEKM


Comments


Subscribe for Updates

Thanks for submitting!

© 2020 by Ent Kyi Maung

bottom of page