top of page

Day 10 -Engagement Marketing

  • Writer: Ent Kyi Maung
    Ent Kyi Maung
  • Sep 30, 2020
  • 2 min read

`မမက မနက်မိုးလင်းတိုင်း အလှမပြင်ပဲ လောလောလောလောနဲ့ အလုပ်သွားတတ်သည်။ မမသည် အပျင်းထူသော်လည်း အလုပ်လေးစားသူဖြစ်ရမည်။ မမသည် တစ်ခါတစ်ရံ Nike ဖိနပ်ကိုစီးပြီး တစ်ခါတစ်လေ ERKE အားကစားဖိနပ်၊ တစ်ခါတစ်လေ ဒေါက်ဖိနပ် စီးတတ်သည်။ မမသည် ဖိနပ်ဆိုတဲ့ပစ္စည်းကို ရူးသွပ်သူဖြစ်ရမည်။ မမ သူငယ်ချင်းဆီက မမရဲ့အသက်၊ မမစိတ်၀င်စားတဲ့အကြောင်းအရာတွေကို စုံစမ်းရမည်။´

(မမသည် ကိုယ့် Audience ဆိုရင် သူ့နဲ့ Engage လုပ်ဖို့ သူ့အပြုအမူ၊ အလေ့အထတွေ၊ စိတ်၀င်စားရာတွေကို သေချာဂဂဏဏသိနေဖို့ လိုပါတယ်)


Brand Identity (Brand Strategy)


မမသည် သောက်ကလေးမဟုတ်ပါ။ ထို့ကြောင့် မမပြန်ကြိုက်ဖို့ဆိုရင် ရက်ပါဘောင်းဘီအပွနဲ့ မမရှေ့သွားလို့မရ။ တည်တည်ငြိမ်ငြိမ်သန့်သန့်ပြန့်ပြန့် အ၀တ်အစား လူကြီးဆန်ဆန်အရောင်နဲ့ မမရှေ့သွားဖို့လိုသည်။

(သင်သည် Brand မမသည် သင့် Audience ဆိုရင် သင့် Brand colour ကို သင့် Audience နဲ့ကိုက်အောင် ရွေးချယ်တတ်ဖို့လိုသည်။ ကိုကာကိုလာက လန်းဆန်းတက်ကြွခြင်းရဲ့အရောင် အနီရောင်ကိုသုံးသလိုပေါ့။)


Brand´s DNA (Brand Concept)


အပြင်အဆင်ပိုင်းတော့ ဟုတ်ပါပြီ။ မမပြန်ကြွေလာဖို့ဆို ဘော်ဒါတွေနဲ့ပေါသလို မမရှေ့ပေါနေလို့မဖြစ်။ မမရဲ့ဘ၀ကို တစ်သက်လုံး လုံခြုံအေးချမ်းအောင်ထားမယ့်သူဆိုတဲ့ message မျိုး မမကိုပေးရမယ်။ အဲ့ဒီတော့ မမနဲ့တွေ့တဲ့အခါတိုင်း တည်တည်ငြိမ်ငြိမ် လူကြီးဆန်ဆန်နဲ့ပြောဆို ဆက်ဆံရမယ်လေ။


(မမရဲ့ဘ၀ကို လုံခြုံအေးချမ်းအောင်ထားမယ်ဆိုတာ Brand ရဲ့ Concept ဆိုပါစို့ မမဆိုတဲ့ Audience ပြန်ကြွေလာအောင်

တည်တည်ငြိမ်ငြိမ်လူကြီးဆန်ဆန်ဆိုတဲ့ Brand Voice/Tone နဲ့ရွေးချယ်ပြောရမယ်လေ :-3 )


Brand´s Presence


မမအကြောင်းလဲ သိပြီ ကိုယ့်ဘာကိုယ်လဲ မမကြွေလာအောင် ပြင်ဆင်ပြီးပြီ မမအမြဲသတိထားမိအောင် ဘယ်လိုလုပ်ရပါ့။


Marketing 360


မမသည် ညဖက် ၉ နာရီကနေ ၁၀ နာရီထိ Facebook သုံးတတ်သည်။ မမနဲ့နီးစပ်ဖို့ Chat မလား။ မမသည် အချို့ TGIF နေ့တွေမှာ Bar ထိုင်တတ်သည်။ မမနဲ့နီးဖို့ ဂွင်ဖန်မလား။ မမကို ရုပ်ရှင်တွေထဲကအတိုင်းစာပေးရင်ကောင်းမလား။ မမအတွက် ရေဒီယိုကနေ သီချင်းတောင်းရမလား။

(သင့် Brand ကို သင့် Audience မြင်နေဖို့ Facebook သုံးမလား ပန်းဖလတ်ဝေမလား။ ရေဒီယိုကကြော်ငြာမလား။ပွဲတွေစီစဉ်မလား Marketing 360 )


ကဲ ဒီလောက်ဂွင်ဖန်လာတာ မမနဲ့တွေ့ပြီဆိုပါစို့ :-3

ခင်ဗျားပေးချင်တဲ့ message `မမရဲ့ဘ၀ တစ်ဘ၀လုံးအေးချမ်းအောင်ထားမယ်ဆိုတာနဲ့ ´ မမပြောလာမယ့်စကားတွေနဲ့ စကားလမ်းကြောင်းဖြောင့်နေအောင် ဘယ်လို Content မျိုး Share ကြမလဲ။ မမရဲ့အလုပ်အကြောင်း ကိုယ့်အလုပ်အကြောင်း အနာဂတ်အစီအစဉ်တွေ ဘာညာရွီးပေါ့။

(ဒီလိုပါပဲ သင့် Brand က လက်ခံထားတာ ရေဓာတ်ပြည့်ဖို့ ဒီအချိုရည်သောက်ပေါ့ သင့် Audience က ကျန်းမာတဲ့လူနေမှုဘ၀လိုချင်တယ်။ ဒီကြားထဲ Share လို့ရတာက ကျန်းမာဖို့ပြေးပေါ့။ မောလာရင် ရေဓာတ်ဖြည့်ဖို့ အချိုရည်သောက်ပေါ့။ )


Ads Campaign


မမနဲ့ရည်းစားဖြစ်သွားပြီ ဆိုပါစို့။ စပရိုက်တွေ လုပ် fb ပေါ်တင် တစ်ရာဖိုးသုံးပုဒ်အချစ် ဆရာကြီးတွေများတဲ့ခေတ်မှာ သက်တမ်းနည်းနည်းကြာတာနဲ့ ပြဿနာလေးတက် မကြာခင် ပြတ်လိမ့်မယ် ကိုယ့်လူ :-3

အဲ့တော့ မမအမြဲချစ်နေအောင် ဂွင်ဖန်ရမယ် ကိုယ့်လူ။

ဥပမာ - ပထမလ ခြုံစောင်အနီရောင်လေး လက်ဆောင်ပေးမယ်။

နောက်လ အနွေးထည်အနီရောင်လေး လက်ဆောင်ပေးမယ်။

တတိယလကျ `မမ ဒီလက်ဆောင်တွေ က ဘာအဓိပ္ပာယ်လဲ သက်လား။ အနီရောင်ဆိုတာ ရဲရင့်တာ။ အနွေးထည်၊ ခြုံစောင်ဆိုတာ နွေးထွေးလုံခြုံတာ။ မမဘဝလေး နွေးထွေးလုံခြုံဖို့ ကိုက အမြဲရဲရင့်နေမယ် ဘာညာရွှီးပေါ့။ အဲ့မှ ဖြေးဖြေးချင်းပိုချစ် :-3


(အနီရောင်ပဲ သုံးတယ်ဆိုတာက Ads Campaign တိုင်းကို Theme တစ်ခုထဲသုံးဖို့လိုတယ် ကိုယ့်လူ။

မဟုတ်ရင် ခင်ဗျား Campaign လုပ်နေမှန်းတောင် လူသိလိုက်မှာမဟုတ်ဘူး။ ခြုံစောင်တို့ အနွေးထည်တို့ဆိုတာ တန်ဖိုးသိပ်မကြီးပေမယ့် message တစ်ခုပါတယ်ကိုယ့်လူ။ အဲ့ဒီနေရာမှာ ခင်ဗျား သိန်းကျော်တန်ပစ္စည်းသုံးလဲ message တစ်ခုမပါရင် စွဲကျန်မနေဘူး ကိုယ့်လူ။ ဒီအတိုင်းပါပဲ message မပါတဲ့ Campaign ဆိုတာ ပိုက်ဆံဘယ်လောက်သုံးသုံးအလကားပါပဲ။

Campaign message ပေးဖို့ကျ Tagline တွေ ကိုအသုံးပြုရပါတယ်။ အဲ့ဒီမှာလဲ ရှုပ်ထွေးတဲ့ tagline တွေထက် ရိုးရှင်းတဲ့ tagline တွေက ပိုအသုံး၀င်ပါတယ်။ `ကိုကာကိုလာကို သင်ချစ်ခင်သူတွေနဲ့ မျှဝေပါ။´ လိုပေါ့။


Brand Loyalty


ကဲ ဒီလို Campaign တွေနဲ့ဆိုရင် မမက တစ်ခြားကောင်လေးချောချောလေးဒေမြင်ရင်တောင် အချစ်ဆိုတာနဲ့ပြောလိုက်တာနဲ့ သင်လို့ပြေးမြင်ပြီး သင့်ဆီပဲရောက်ရောက်လာတတ်တာမျိုးပေါ့။

(လန်းဆန်းဖို့ သောက်မယ်ဆိုတာနဲ့ Cola ကိုပြေးမြင်

တီထွင်ဆန်းသစ်မှုလို့ပြောလိုက်တာနဲ့ Apple ကိုပြေးမြင် သလို

Brand တစ်ခုကိုပဲထပ်ခါထပ်ခါသုံးချင်နေသလိုပါပဲ)


 
 
 

Comments


Subscribe for Updates

Thanks for submitting!

© 2020 by Ent Kyi Maung

bottom of page