top of page

Day 3 - Interactive Media Advertising

  • Writer: Ent Kyi Maung
    Ent Kyi Maung
  • May 19, 2020
  • 1 min read

Updated: Sep 30, 2020


Marketing Concept အကြောင်း အခြေခံတွေပြောရတာ ကျတော်ကိုယ်တိုင်လည်း အင်မတန်ပျင်းလာလို့ ခဏဆက်မရေးပဲ ထားထားပါဦးမယ်။ (နောက်နေ့တော့ဆက်ရေးမှာပါ) ဒီနေ့တော့ online marketing ဖက်ပြန်လှည့်ရအောင်။ အွန်လိုင်းကကြော်ငြာတွေကို တစ်နည်းအားဖြင့် Interactive Media Advertising လို့ခေါ်ပါတယ်။ TV တို့ Billboard တို့ကနေ လူတွေက ကြော်ငြာတွေကို ဘယ်လိုမှ တုံ့ပြန်လို့မရပါဘူး။ Online ကကြော်ငြာတွေကိုတော့ လူတွေက တုံ့ပြန် (interactive လုပ်လို့) ရပါတယ်။ ဒါကြောင့်မို့ Online Advertising ကို Interactive Media Advertising လို့ခေါ်ပါတယ်။ အွန်လိုင်းကြော်ငြာတွေကို ဘာ့ကြောင့်သုံးကြလဲ?? အဓိကအားဖြင့် လူတွေက (1) ကိုယ့် Brand ကို သတိထားမိအောင် (Brand awareness အတွက်) (2) ကိုယ့် Brand ကို ဝယ်ချင်လာအောင် (Sale Lead) အတွက်၊ ကိုယ့် Brand ကိုတန်းဝယ်အောင် (Sale Conversion) အတွက် သုံးကြပါတယ်။ ဒါဆိုရင် အွန်လိုင်းမှာ ကြော်ငြာတွေ ဘယ်နှစ်မျိုးလောက် လုပ်လို့ရလဲဆိုတာ အကြမ်းဖျင်းပြောပြပါမယ်။ (အသေးစိတ်ကို နောက်အပိုင်းတွေမှာ ထပ်ရေးပါမယ်။ (1) Banner Ads Display Advertising လို့လဲခေါ်ပါတယ်။ ကိုယ့် Product ကို ဝယ်နိုင်ချေရှိတဲ့သူတွေ ဝင်ကြည့်လောက်မယ့် website တွေမှာ ကိုယ့်ရဲ့ကြော်ငြာကိုပြတာလို့ အကြမ်းဖျင်းမှတ်နိုင်ပါတယ်။ Brand Awareness အတွက်ဆိုရင်တော့ ကိုယ့်နိုင်ငံကသူတွေ ရှိသမျှ website မှာ ပြတာမျိုးလည်း လုပ်ကြပါတယ်။ (ပိုက်ဆံတော့ ကုန်တာပေါ့ :-3 ) (2) Behavioural Targeting ဒီအပိုင်းကတော့ တော်တော်ရှင်းယူရမယ့် အပိုင်းပါ :-3 လူတွေက ဘယ် Product ကိုစိတ်ဝင်စားနေလဲ ဘယ်ဒေသကလူလဲ ဘယ် website တွေကို ဝင်ကြည့်ထားလဲဆိုတဲ့ Database Management Platform (DMP) တစ်ခု တည်ဆောက်ရပါမယ်။ ပြီးရင်တော့ Ad exchange တွေ Ad Network တွေကို စုထားတဲ့ Demand-Side Platform ကိုသုံးပြီး ကိုယ့်ရဲ့ကြော်ငြာတွေကို ကိုယ့်ပစ္စည်းကိုစိတ်ဝင်စားမယ့်သူတွေဆီကို ပြပေးတာပါ။ (3) Native Advertising ကိုယ့်ရဲ့ Facebook Page မှာ Sponsored Content နဲ့တင်တာ။ အခြား digital media တွေမှာ Branded Article တွေလုပ်တာ။ ဒါတွေအကုန်လုံးကို Native Advertising လို့ခေါ်ပါတယ်။ (4) Pop-ups ဖုန်း Screen ဖွင့်လိုက်တာနဲ့ ဟိုကြော်ငြာကပေါ်နေတယ်။ ဒီကြော်ငြာက notification အနေနဲ့ပေါ်နေတယ်ဆိုတာ။ အဲ့ဒီ app တွေကို ကိုယ်ကသွင်းထားပြီး ကြော်ငြာတဲ့သူတွေက အဲ့ဒီ app တွေမှာ ကြော်ငြာထိုးနေလို့ပါ။ (5) Rich-media Ads ဒါကလည်း Banner Ads တစ်မျိုးပါပဲ။ ဒါပေမယ့် ပွတ်ကြည့်လိုက်ပါ တစ်ခုခုဖြစ်သွားမယ်တို့။ ဓာတ်ပုံရိုက်ပြီး တန်းပြိုင်ပွဲဝင်လို့ရတယ်တို့။ စတဲ့ နှိပ်ပြီးတော့ engage လုပ်လို့ရတဲ့ Visitor-engaging material တွေကို ပိုသုံးထားတဲ့ ads တွေပါ။ (6) Online Video ads ၆ စက္ကန့်စာ Video အတိုတွေ၊ motion Video တွေ၊ ကို online video ads အနေနဲ့ ဖန်တီးပြီး website၊ youtube စတဲ့ digital platform တွေမှာ ကြော်ငြာအနေနဲ့ပြတာပါ။ အခုတော့ စာတော်တော်ရှည်နေပြီမလို့ နောက်ရက်တွေကျမှ (7) Social Media (8) Viral Marketing (9) SEO (10) Email Marketing (11) Apps အကြောင်းဆက်ပါဦးမယ်။ အပေါ်ကဟာတွေကိုလည်း အချိန်ရခဲ့ရင် တစ်ခုချင်းစီအသေးစိတ် ပြန်ရေးပါဦးမယ်။

Comments


Subscribe for Updates

Thanks for submitting!

© 2020 by Ent Kyi Maung

bottom of page