Day 8 - အောင်မြင်တဲ့ Digital Marketing Manager တစ်ယောက်ဖြစ်ဖို့...
- Ent Kyi Maung
- Sep 30, 2020
- 1 min read

"အောင်မြင်တဲ့ Digital Marketing Manager တစ်ယောက်ဖြစ်ဖို့ ဟိုသင်တန်းတက်ပါ ဒီသင်တန်းတက်ပါ၊ ဟိုစာအုပ်ဖတ်ပါ ဒီစာအုပ်ဖတ်ပါ။ ကျတော်ပြောတာ နားထောင်ပါ။ အဲ့ဒါတွေတစ်ခုကမှ သင့်ကို အောင်မြင်စေမှာမဟုတ်ပါဖူး။"
အခွင့်အလမ်းတွေ....
အခြားသောနိုင်ငံတွေမှာပါ marketing လို့ပြောလိုက်တာနဲ့ကို Digital Marketing က ၄၀ ရာခိုငိနှုန်းလောက်နေရာယူနေပြီ။ ဒီနိုင်ငံမှာလည်း လုပ်ငန်းအများစုက Digital Marketing Manager တွေ Digital Marketing Executive တွေခေါ်နေကြတယ်။ ဒီတော့ Digital Marketing ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့သူတွေရဲ့ အနာဂတ်က ပိုကောင်းလာဖို့ရှိတယ်လို့မှန်းလို့ရနေတယ်။
Manager ဆိုတာ...
Digital Marketing အကြောင်းခဏဖယ်ထားလိုက်ရင် Manager တစ်ယောက်မှာ အခြားသော ကိုယ့်အောက်ကလုပ်ဖော်ကိုင်ဖက်တွေကို စီမံခန့်ခွဲနိုင်တဲ့ Human Skill ရှိရမယ်။ ကိုယ့်အလုပ်နဲ့ဆိုင်တာတွေကို အခြေခံကစပြီး ကျွမ်းကျင်မှုရှိအောင်ထိကို သိသင့်တဲ့ Conceptual Skill ရှိရမယ်။ ကိုယ်မလုပ်တတ်ရင်တောင် အခြားသူကို manage လုပ်နိုင်တဲ့ Technical Skill ရှိရပါမယ်။
(1) မယောင်ပါနဲ့ :-3
သင့်ဘာသင် သင်တန်းပဲဖွင့်စားချင်တာလား လူတွေကြားမှာ တကယ်နာမည်ကြီးတဲ့ Blogger ဖြစ်ချငိတာလား။ အောင်မြင်တဲ့ Digital Marketing Manager ဖြစိချင်တာလား သိသင့်ပါတယ်။ Marketing နယ်ပယ်မှာ manager ဖြစ်ဖို့ဆိုတာ အချိန်ဆယ်နှစ်လောက်ပေးရင်တောင်မသေချာတဲ့အနေအထားကနေ အခု လူငယ်တွေနေရာပိုရလာတဲ့ Digital Marketing မှာ အချိနိပေးရတာပိုနည်းပါတယ်။ ဒါပေမယ့် လစာလေး ၃ သိန်းလောက်ယူပြီး Facebook Page လေးကိုင် Ads Manager လေး run တဲ့ Digital Marketing Manager လုပ်မှာလား။ Digital Marketing မှာ Concept ရော သိ Planning and Strategy ရောဆွဲပြီး Campaign တွေမှာပါအောင်မြင်တဲ့ Digital Marketing Manager အဖြစ်ရပ်တည်မလား။ ဒါရွေးချယ်မှုပါ။
ဆိုတော့ Google ကဟာလေး translate လုပ် Blogger ယောင်ယောင် ဟိုဟာယောင်ယောင်နဲ့ မယောင်ပါနဲ့။ ကိုယ့်ဘာကိုယ်လေ့လာစရာရှိတာလေ့လာ။ အတွေ့အကြုံရအောင်ယူ သင်ယူစရာရှိတာ သင်ယူဖို့အမြဲ လုပ်သင့်ပါတယ်။
(2) သင်တန်းဆင်းပြီး စာပဲတတ်နေတာကို ဘယ်သူမှ စောက်ဂရုမစိုက်ပါဘူး။
ဆိုလိုတာက အလုပ်ခန့်ရင် သင်တန်းဆင်းလက်မှတ်က အထောက်အကူပြုပေမယ့် စာပဲတတ်ပြီး ဘာမှမလုပ်တတ်ရင် ဘယ်သူကမှ စောက်ဂရုစိုက်နေမှာမဟုတ်ဖူး။ သင်တန်းဆင်းလက်မှတိရှိလို့ ခန့်မိတဲ့ company မှာ manager သွားလုပိနေလဲ တလွဲတွေပြောနေလုပ်နေရင် ပိုဆိုးပါတယ်။ ဆိုတော့ သင်တန်းတက်ပြီးလဲ အခြေခံကျကျ အလုပ်လုပ် သေချာသိ အတွေ့အကြုံယူပြီးမှ နေရာတစ်ခုမှာ ထိုက်ထိုက်တန်တနိနေသင့်ပါတယ်။
(3) အတွေ့အကြုံကအသက်ပါ။
အောင်မြင်တဲ့ Digital Marketing Campaign တစ်ခုရဲ့နောက်ကွယ်မှာ Fail ခဲ့တဲ့ Campaign ပေါင်း များစွာရှိပါတယ်။ သင်ပေးနိုင်တဲ့ဆရာရှားတဲ့အနေအထားမှာ ကိုယ်တိုင်လေ့လာ အမှားပြင် ထပ်လုပ်ရင်းနဲ့အောင်မြင်ခဲ့ကြတာပါ။ online ပေါ်က tips တွေပိုလွယ်စေတယ်။ ဒါပေမယ့် ဆရာကိုမေးလိုက်တာ ဟိုသူ့ဆရာတင်တာ ဒီလူ့ဆရာတင်တာထက် testing လုပ်ပါ ကိုယ်သိတဲ့ marketing concept နဲ့ အတွေ့အကြုံနဲ့ပေါင်းစပ်ပြီးမှ အောင်မြင်တဲ့ campaign တွေ ဖြစ်လာတာ ပါ။
(4) ငါတစ်ခုခုဖြစ်နေပြီဆိုတဲ့နေ့က ခွေးဖြစ် တဲ့နေ့ပါ။
ကျတော့်ကို ဆရာလာတင်ကြတိုင်း CB ကလာမေးကြတိုင်း ကျတော်လဲ သင်ယူနေဆဲပါ။ အငယ်တွေဆီကလည်း ပြန်သင်ချင်ပါတယ်ဆိုပြီး အမြဲပြောလေ့ရှိပါတယ်။ တကယ်လဲ လုပ်ဖော်ကိုင်ဖက်တွေ အတွေ့အကြုံတွေ အခြားသူတွေဆီကနေ အမြဲသငိယူနေရတယ်။ ငါတစ်ခုခုဖြစ်ပြီ ငါဆရာကြီးပဲဟေ့ ဆိုပြီး ယောင်တဲ့နေ့က ခွေးဖြစ်တဲ့နေ့လို့တွေးထားပါတယ်။
ဆိုတော့ အခွင့်အလမ်းအများကြီးရှိပါတယ်။ ငယ်တုန်းမှာ လေ့လာ စိမ်ခေါ်မှုတွေယူ အိပ်ရေးပျက်ခံ စိတ်ညစ်ခံပြီး လုပ်သာလုပ်ရင်တစ်ချိန်ဖြစ်လာမှာပါ။
ငါပိုက်ဆံလိုချင်တာလား ငါဒီအလုပ်ကိုချစ်လို့လုပ်တာလား ကွဲကွဲပြားပြားသိပြီး ပိုက်ဆံလိုချင်တယ်ဆိုလည်း ဘာအတွေ့အကြုံမှမရှိခင် သင်တန်းဖွင့်ပိန်းဥတွေကို ဂျင်းထည် ့ personal branding လုပ် လူမိုက်တို့သွားရာလမ်းကိုရွေးပါ။

အလုပ်ကိုချစ်လို့လုပ်ရင်တော့ ကိုယ်ယူထားတဲ့ position နဲ့ထိုက်တန်တဲ့ အရည်အချင်းတွေ၊လုပ်ဆောင်မှုတွေပြနိုင်အောင်လုပ်ကြမယ်လို့ဆုတောင်းရင်း...
Comments